Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆို – ဖရူဆိုလမ်းပိုင်း၌ စစ်တပ် စစ်ကြောင်းဆက်ထိုးနေ

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနေဖရူဆိုမြို့နယ်ဘက်ကိုဖောက်ထွက်နိုင်ဖို့ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဆက်တိုးနေတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကိုခုခံနေသည့် ရဲဘော်များအားတွေ့ရစဥ်။ဓာတ်ပုံ -ကရင်နီစစ်တိုင်း ဗျူဟာ ၁၁ နှင့် KNA

စက်တင်ဘာ-၇ ၊ ၂၀၂၅။ရဲခေါင် /People’s Spring

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနေဖရူဆိုမြို့နယ်ဘက်ကိုဖောက်ထွက်နိုင်ဖို့ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဆက်တိုးနေတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီးမော့ဆိုနဲ့ ဖရူဆိုပြည်ထောင်စုလမ်းမကြီးဘေးပတ်ဝန်းကျင်က ကျေးရွာတွေဖြစ်တဲ့ ပတိုငံ၊ငံရိုး၊ကွိုင်ငံရွာသစ်နဲ့ရွာဟောင်းဘက်ကို စစ်ကြောင်းတိုးနိုင်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။

“အ​ခြေအနေကစစ်ကော်မရှင်တပ်ဖက်ကမရမကတိုးနေတုန်းပါပဲ၊ကျွန်တော်တို့ဖက်က ပြန်ခုခံရတဲ့အနေအထား”လို့ မြေပြင်ရဲဘော်တဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်အား ၁၀၀ကျော်ထက်မနည်းအသုံးပြုထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက ပတိုငံရွာဘက်ကနေ တိုးလာနေတာလို့ သိရပါတယ်။

“စစ်ရေးတင်းမာနေပါတယ်။အတိကျတော့ မပြောသေးဘူး”လို့ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကယန်းအမျိုးသားတပ်မတော်(KNA)၏ ပြောရေးဆိုခွင့်ရှိသူ ခွန်းဆောင်ဒူက ပြောပါတယ်။

စစ်ကောင်စီတပ်က ဒီးမော့ဆို နဲ့ ဖရူဆိုလမ်းမကြီးကို ထိန်းချုပ်နိုင်ဖို့အတွက် စက်တင်ဘာ ပထမပတ်ကစပြီး တင့်ကားတွေနဲ့ အတွဲလိုက်ဒုံးတွေပါ အသုံးပြုနေပါတယ်။

ပြီးခဲ့တဲ့လနောက်ဆုံးပတ်နဲ့ အခု စက်တင်ဘာပထမပတ်က ငွေတောင်ရွာသစ်နဲ့ ပတိုငံရွာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ် ထိခိုက်သေဆုံးသူ ၂၀ ထက်မနည်းရှိခဲ့ပြီးတော့ တော်လှန်ရေးအင်အားစုတွေက လက်နက်တချို့ရရှိထားပါတယ်။

ကရင်နီဒေသတွင်း စစ်ရေးအရအရေးပါတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းစိုးမိုးရေး နဲ့ ပိတ်မိနေတဲ့ ဖရူဆိုမြို့စောင့်တပ်တွေ စစ်ရေးလှုပ်ရှားနိုင်ဖို့ စစ်ကောင်စီတပ်က ဒီးမော့ဆို မြို့ကနေ စစ်ကြောင်းထိုးလာတာလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်မှာရှိတဲ့ တပ်ဖွဲ့ဝင်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က နန့်ကစ်ကျေးရွာအနီးမှာ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ မြေပြင်ရဲဘော်တချို့က ပြောပါတယ်။

ဆောင်းပါး

ကရင်နီပြည်နယ်မှာဒေသကွပ်ကဲရေးစစ်ဌာနချုပ်အပါအဝင် အာဏာသိမ်းစစ်တပ်အခြေစိုက် တပ်ရင်း ၂၀ ကျော်ရှိပါတယ်။