Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်၊ဝိုင်းမော်နှင့် ဖားကန့်တိုက်ပွဲများ၌ စစ်တပ်အထိနာနေဟု KIA ပြော

ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်နှင့်ဖားကန့် မြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် အထိနာနေသည်ဟု သတင်းများကြားရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက စက်တင်ဘာ ၉ရက်ညပိုင်းတွင် ပြောသည်။

KIA၊KPDF ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ-Sirinda

စက်တင်ဘာ−၁၀၊၂၀၂၅။ ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်၊ ဝိုင်းမော်နှင့်ဖားကန့် မြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိရာ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် အထိနာနေသည်ဟု သတင်းများကြားရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက စက်တင်ဘာ ၉ရက်ညပိုင်းတွင် ပြောသည်။

ယခုရက်ပိုင်းဗန်းမော်တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူးအပါအဝင် သေဆုံးမှုများပြီး ပွိုင့်ဖိုက်စက်သေနတ်အပါအဝင် လက်နက်အချို့ သိမ်းရကြောင်းနှင့် ဝိုင်းမော်တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်အထိနာကာ သံချပ်ကာယာဉ်ကို KIAပူးပေါင်းတပ်က ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်ဟု ကချင်သတင်းရင်းမြစ်များက ပြောထားရာ ကချင်ဒေသ စစ်ရေးအခြေအနေများနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူထံ မေးမြန်းခဲ့ရာ မြို့နယ်အလိုက် တိုက်ပွဲအခြေအနေ အကျဉ်းကို ပြောပြခြင်းဖြစ်သည်။

“ စကစ ဘက် အကျအဆုံးများတယ်လိုလည်း ပြောတော့ ပြောကြတယ်။ ဒါပေမဲ့ ကွန်ဖန်းတော့မဟုတ်ပါဘူး။ လိုင်းပေါ်က သတင်းလောက်ပဲ ကျနော်တိုကြားရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်တိုက်တိုက်ပွဲအခြေအနေကို ပြောသည်။

Public Service Announcement

Public Service Announcement

စခန်းသိမ်း၊ ပစ္စည်းသိမ်း ဖြစ်စဉ်များလည်း အတည်မပြုနိုင်ဘဲ တိုက်ပွဲပြင်းထန်သည်ကိုသာ ကြားရဟု ပြောသည်။

“၀ိုင်းမော်လမြန်ဘက်မှာလည်း အဲဒီလိုပါပဲ။ တိုက်ပွဲက ဒီနေ့ တနေကုန် တိုက်ပွဲဖြစ်တယ်လိုပြောလိုရပါတယ်။ အဓိကကတော့စကစက လေကြောင်းနဲ့ ဗုံးကြဲတာတွေ ရော့ကတ်နဲ့ ရမ်းပစ်တာတွေရှိတယ်။ မြေပြင်ကနေ လမြန်ဆိုတဲ့ရွာဘက်မှာ ထိုးစစ်ဆင်တာ။ ခုထက်ထိကတော့ ကျနော်တိုလည်း ခုခံတိုက်ပွဲတွေ ပြင်းပြင်းထန်ထန်လုပ်နေတာ။ နေရာတွေဆုတ်ပေးတာတွေ တော့မရှိပါဘူး။ အဲဒီဘက်မှာလည်း စကစဘက်က အထိနာတယ်လိုတော့ပြောကြတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

သေဆုံးထိခိုက်သည့်အရေအတွက်ကို မသိရဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဖားကန့်ဘက်မှာလည်း ဒီအတိုင်းပါပဲ။ တိုက်ပွဲတော့ရှိတယ်။ဖားကန့်ဘက်မှာလည်း ဒီနေ့ စကစဘက် တော်တော်အထိနာတယ်ပြောတယ်။ ဒါပေမဲ့ ဘယ်လောက်အထိဆိုတာ ကွန်ဖမ်းသတင်းက အခုထက်ထိကတော့ စုံစမ်းနေဆဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထူးခြားသည်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ရမ်းပစ်၍ ဖားကန့်ဒေသခံ ပြည်သူလူထုထိခိုက်သေဆုံးမှုများရှိကြောင်း ပြောသည်။

KIA အနေဖြင့် တိုက်ပွဲသတင်း၊ လက်နက်ခဲယမ်းရရှိမှုများနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေများ ထုတ်ပြန်ပြောဆိုလေ့မရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာဒီနေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလက်နက်ကြီးတွေပစ်ခတ်နေသလို ဒေသခံတွေဟာ ဘေးပတ်ဝန်းကျင်မြို့တွေကိုရှောင်တိမ်းလာကြတယ်လို့သိရပါတယ်။