Connect with us

Hi, what are you looking for?

သတင်း

တပ်ဖွဲ့ဒုခေါင်းဆောင်ပစ်သတ်ခဲ့သည့် ဂွေထုဌာနေပြည်သူ့စစ်ခေါင်းဆောင်အား စစ်ကောင်စီ ဖမ်းဆီး

စစ်ကောင်စီလက်အောက်ခံ ဂွေထုဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဒုခေါင်းဆောင် ဦးအောင်ဂမ်အား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် တပ်ဖွဲ့ခေါင်းဆောင် ဦးနော်လီကို မန္တလေးလေဆိပ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

သေဆုံးခဲ့သည့် ဂွေထုဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဒုခေါင်းဆောင် ဦးအောင်ဂမ်နှင့် သေနတ်ဖြင့်ပစ် သတ်ခဲ့သည့် တပ်ဖွဲ့ခေါင်းဆောင် ဦးနော်လီ။ ဓာတ်ပုံ - CJ

စက်တင်ဘာ-၁၀၊ ၂၀၂၅။ လူအေး/People’s Spring

စစ်ကောင်စီလက်အောက်ခံ ဂွေထုဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဒုခေါင်းဆောင် ဦးအောင်ဂမ်အား သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် တပ်ဖွဲ့ခေါင်းဆောင် ဦးနော်လီကို မန္တလေးလေဆိပ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

သေဆုံးခဲ့သည့် ဂွေထုဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဒုခေါင်းဆောင် ဦးအောင်ဂမ်နှင့် သေနတ်ဖြင့်ပစ် သတ်ခဲ့သည့် တပ်ဖွဲ့ခေါင်းဆောင် ဦးနော်လီ။ ဓာတ်ပုံ – CJ

ဂွေထုဌာနေပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် ဦးနော်လီကို စက်တင်ဘာလဆန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရကြောင်း ဝိုင်းမော်မြို့ခံတစ်ဦးကပြောသည်။

ဦးနော်လီနှင့်ဦးအောင်ဂမ်သည် ပြီးခဲ့သည့် ဇူလိုင် ၇ရက်က ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာရှိ ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့ခန်းမ၌ အစည်းအဝေးကျင်းပနေစဉ် တပ်ဖွဲ့အကြီးအကဲရာထူးလုရာက အခြေအနေတင်းမာခဲ့ပြီး ဦးနော်လီက သေနတ်ထုတ်၍ ပစ်ခတ်ခဲ့ခြင်းဟု ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့နှင့် နီးစပ်သူကပြောသည်။

Public Service Announcement

Public Service Announcement

” ဦးနော်လီနဲ့ မပခတိုင်းမှူးနဲ့က ဆက်ဆံရေးရှိတယ်။ ဒါကြောင့် မဖမ်းဘဲလွှတ်ထားတာ။ဖမ်းမပေးဘူးဆိုရင် လက်ရှိကချင်ပြည်နယ်ကတိုက်ပွဲတွေမှာ လိုက်ဖို့ငြင်းဆန်နေလို့ ဖမ်းလိုက်တာလို့ပြောကြတယ်”ဟု ၎င်းက ပြောသည်။

ပစ်ခတ်ခံရသည့် ဦးအောင်ဂမ်သည် ယင်းနေ့တွင်ပင် သေဆုံးခဲ့သည်။ ဦးနော်လီသည် မန္တလေးမြို့တွင် ဖျော်ဖြေလုပ်ငန်းများနှင့် တရားမဝင်လောင်းကစားလုပ်ငန်းများ၊ ကျောက်စိမ်းလုပ်ငန်းများရှိနေပြီး စက်တင်ဘာလဆန်းက ရန်ကုန်မြို့မှအပြန်တွင် လေယာဉ်ပေါ်က ဆင်းဆင်းချင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသည့် ဖြစ်စဉ်အသေးစိတ်ကို သီးခြားမသိရှိရသေးပေ။

ကချင်ပြည်နယ်တွင် လတ်‌တလော၌ ဗန်းမော်၊ ဝိုင်းမော်နှင့် ဖားကန့်မြို့တွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက ၎င်းတို့၏ လက်အောက်ခံပြည်သူ့စစ်အဖွဲ့များ၊ ရှမ်းနီတပ်(SNA)တို့ကို အသုံးပြုပြီး တိုက်ခိုက်နေသည်။ အဆိုပါတိုက်ပွဲများတွင် ဂွေထုဌာနေပြည့်သူ့စစ်တပ်ဖွဲ့ဝင်များလည်းပါဝင်နေကြောင်း သိရသည်။

ဦးနော်လီဖမ်းဆီးခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရန် ဂွေထုဌာနေပြည်သူ့စစ်တပ်ဖွဲ့အား ဆက်သွယ်သော်လည်း အဆက်အသွယ် မရရှိသေးပေ။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်တပ်စွဲထားတဲ့ ကုက္ကိုလ်စုရွာကို ဒေသခံတော် လှန်ရေးအဖွဲ့တွေကဇွန်လ ၄ ရက်နေ့မှာ ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပါတယ်။လက်နက်ခဲယမ်း​တွေသိမ်းဆည်းပြီး ပျူ​စောထီး​တွေ၊ ရဲ နဲ့စစ်သား စတဲ့ သုံ့ပန်းတွေကို စစ်ဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ပေမယ့် စစ်ရာဇဝတ်မှုကျူးလွန်သူ​တွေကို​တော့ ဥပ​ဒေ နဲ့အညီ အ​ရေးယူမယ်လို့ အသိ​ပေးထားပါတယ် ။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ရောက်နေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းဟာ ဒီနေ့ ဇွန်လ ၄ရက် ညနေပိုင်းမှာ မိုးကြိုးပစ်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စီးပွါးရေးသမားချင်း လူမှုရေးပြသနာဖြစ်ရာကနေ TikTok ဆယ်လီ ဇော်ဝင်းမောင်က ​မေလလယ်ပိုင်းမှာ မန္တလေးမြို့ခံ ပျူစောထီးတွေကိုခေါ်ပြီး မိုက်ကြေးခွဲ စိန်ခေါ်ပြခဲ့တဲ့ ရုပ်သံဖိုင်​​ကြောင့် မန္တ​လေးမြို့မှာ စစ်တပ်လက်​အောက်ခံပျူ​စောထီး​တွေ ဘယ်​​​လောက်​သောင်းကျန်း​နေတယ်ဆိုတာ လူအများအာရုံစိုက်စရာဖြစ်လာပါတယ်။

သတင်း

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။