Connect with us

Hi, what are you looking for?

သတင်း

ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလှေပေါ်တွင် ငါးဖမ်းသမားအဖြစ် ဟန်ဆောင်လိုက်ပါလာသူများက AAတပ်ဖွဲ့ဝင်နှစ်ဦး သတ်ဖြတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းလှေပေါ်တွင် ငါးဖမ်းသမားအဖြစ် ဟန်ဆောင်လိုက်ပါလာသော အကြမ်းဖက်သမားများက သတ်ဖြတ်သွား၍ AAတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ရပြီး ထိုဖြစ်စဉ်အပေါ် ထိထိရောက်ရောက် ကိုင်တွယ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော်((AA)က ထုတ်ပြန်သည်။

Screenshot

စက်တင်ဘာ−၁၁၊၂၀၂၅။လူအေး/People’s Spring

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးဖမ်းလှေပေါ်တွင် ငါးဖမ်းသမားအဖြစ် ဟန်ဆောင်လိုက်ပါလာသော အကြမ်းဖက်သမားများက သတ်ဖြတ်သွား၍ AAတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးခဲ့ရပြီး ထိုဖြစ်စဉ်အပေါ် ထိထိရောက်ရောက် ကိုင်တွယ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော်((AA)က ထုတ်ပြန်သည်။

စက်တင်ဘာ ၁၀ရက် နေ့လယ် ၁နာရီကျော်က ရသေ့တောင်မြို့နယ်အတွင်းရှိ ကိုးတန်ကောက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာ၏အနောက်ဘက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ငါးခိုးဖမ်းဘုတ် အစီး ၈၀ခန့်သည်အစုလိုက်၊အပြုံလိုက် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေ၍ လိုက်လံဖမ်းဆီးစဉ် ပစ်ခတ်ခံရခြင်းဟု ဆိုသည်။

https://www.facebook.com/reel/804880348765487

Public Service Announcement

Public Service Announcement

ငါးခိုးဖမ်းဘုတ် အစီး ၈၀ခန့်အနက် (၅) စီးကို ဖမ်းဆီးနိုင်ခဲ့ပြီးကမ်းစပ်သို့ ညနေ ၇နာရီခန့်တွင် ခေါ်ဆောင်လာစဉ် ငါးဖမ်းသမားများအဖြစ် ဟန်ဆောင်လိုက်ပါလာသော အကြမ်းဖက်သမားများပါဝင်သည့် ငါးခိုးဖမ်းဘုတ် (၁)စီးမှ အကြမ်းဖက်သမားများက AAလုံခြုံရေးအရာရှိ တစ်ဦးနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တစ်ဦးတို့အား သတ်ဖြတ်ကာ လက်နက်များကိုပါလုယူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်အတွင်း ထွက်ပြေးသွားခဲ့ကြသည်ဟာ ထုတ်ပြန်ထားသည်။

အာရက္ခရေပိုင်နက်အတွင်း တရားမဝင်ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းသူများကို ဖမ်းဆီးစစ်ဆေးခဲ့သည်မှာ အကြိမ်ပေါင်းမြောက်မြားစွာရှိခဲ့ပြီဖြစ်ပြီး နှစ်ဖက်အပြန်အလှန်လေးစားမှုဖြင့် ၎င်းတို့အား အကြိမ်ကြိမ် ပြန်လည်လွှဲပြောင်းပေးအပ်ကာ အကြိမ်ကြိမ် သတိပေးခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုတစ်ကြိမ်သည် အာရက္ခရေပိုင်နက်အတွင်းသို့ အစုလိုက်၊အပြုံလိုက် ဗြောင်ကျကျ ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းရုံသာမက ကမ်းခြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသူများကိုပါ သတ်ဖြတ်၍ လက်နက်လုယူခြင်းသည် အကြမ်းဖက်သောလုပ်ရပ်မျိုးဖြစ်ပြီး ထိထိရောက်ရောက် ကိုင်တွယ် လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

ရုပ်သံ − AAInfoDesk

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းပြီး ဖွဲ့စည်းခဲ့တဲ့စစ်ကောင်စီအဖွဲ့ဝင်ပုဂ္ဂိုလ်တွေကိုအကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီဇင်ဘာ ၂၁ရက်က အမိန့်ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ စစ်အုပ်စုက ဥပဒေမဲ့ ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ စုစုပေါင်း ၆ဦးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၂၅ရက် နေ့စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။

News

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီအား ရရာလက်နက်ဖြင့်ခုခံနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဒေသတွင်းအခြားအဖွဲ့များနှင့်ပါ ပူးပေါင်းတိုက်ခိုက်နေကြသည်။

နိုင်ငံတကာ

လေ့လာသူတွေကတော့ တာလီဘန်တွေ ဖွဲ့စည်းတဲ့ ရဲတပ်ဖွဲ့ဟာ နိုင်ငံတကာ စံနှုန်းမီ ရဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ထက် တင်းကျပ်တဲ့ ဘာသာရေး စည်းမျဉ်းတွေထဲ ဘောင်ဝင်အောင် အတင်းအကျပ် ခိုင်းစေတာမျိုးပဲ လုပ်ဆောင်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။