Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အသေခံ ဗုံးခွဲမှုတွေကို ညွှန်ကြားတဲ့ အကြမ်းဖက်သမားဟောင်းက ရဲတပ်ဖွဲ့ အကြီးအကဲဖြစ်လာ

လေ့လာသူတွေကတော့ တာလီဘန်တွေ ဖွဲ့စည်းတဲ့ ရဲတပ်ဖွဲ့ဟာ နိုင်ငံတကာ စံနှုန်းမီ ရဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ထက် တင်းကျပ်တဲ့ ဘာသာရေး စည်းမျဉ်းတွေထဲ ဘောင်ဝင်အောင် အတင်းအကျပ် ခိုင်းစေတာမျိုးပဲ လုပ်ဆောင်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

အသေခံ ဗုံးခွဲတိုက်ခိုက်မှုတွေကို ကြီးကြပ် ညွှန်ကြားခဲ့တဲ့ အကြမ်းဖက် ခေါင်းဆောင်ဟောင်းဟာ အာဖဂန်မှာ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦး ဖြစ်လာခဲ့ပါတယ်။

အသက် ၃၉ နှစ်အရွယ် မော်လာဝီ ဇူဘာ မွတ်မိန်းဟာ ကဘူးလ်မြို့တော် တဝိုက်မှာ တာလီဘန် စစ်သွေးကြွတွေက အသေခံ ဗုံးခွဲ တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ အဓိက စီစဉ် ညွှန်ကြားခဲ့ဖူးသူ တစ်ဦးပါ။ အခုတော့ အာဖဂန်ကို တာလီဘန်တွေ ကြီးစိုး သိမ်းပိုက်လိုက်ခြင်းနဲ့အတူ မွတ်မိန်းလည်း ရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦး ဖြစ်လာခဲ့ပါတယ်။

သူဟာ ကဘူးလ်က အရေးအကြီးဆုံး ခရိုင်တစ်ခုမှာ ရဲတပ်ဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူသွားမှာပါ။ သူ့အနေနဲ့ ရဲလုပ်ငန်းအကြောင်း ဘာမှ နားမလည်တဲ့ တာလီဘန် တိုက်ခိုက်ရေးသမားတွေကို ရဲယူနီဖောင်း ပြောင်းဝတ်ခိုင်းပြီး ကြီးကြပ်သွားရမှာ ဖြစ်ပါတယ်။ တာလီဘန် တိုက်ခိုက်ရေးသမားတွေက လောလောဆယ် လုပ်ခလစာလည်း မရသေးပါဘူး။

လေ့လာသူတွေကတော့ တာလီဘန်တွေ ဖွဲ့စည်းတဲ့ ရဲတပ်ဖွဲ့ဟာ နိုင်ငံတကာ စံနှုန်းမီ ရဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ထက် တင်းကျပ်တဲ့ ဘာသာရေး စည်းမျဉ်းတွေထဲ ဘောင်ဝင်အောင် အတင်းအကျပ် ခိုင်းစေတာမျိုးပဲ လုပ်ဆောင်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

Public Service Announcement

Public Service Announcement

မွတ်မိန်း ကိုယ်တိုင်ကလည်း သူဟာ အရင်က အစ္စလာမ် ဘာသာရေးအတွက် အမှုထမ်းခဲ့ကြောင်း၊ အခုလည်း ရာထူးနေရာ အသစ်မှာ အစ္စလာမ် ဘာသာရေးအတွက်ပဲ အမှုထမ်းမှာဖြစ်ပြီး ဘာမှ ကွာခြားမသွားကြောင်း ပြောကြားခဲ့ပါတယ်။

တာလီဘန်တွေက အစိုးရ အေဂျင်စီတွေ၊ ဝန်ကြီးဌာနတွေက အရေးပါတဲ့ ရာထူးတွေမှာ လုပ်ငန်းပိုင်းအရ ဘာမှ နားမလည်တဲ့ တရားဟောဆရာတွေကိုလည်း ခန့်အပ်ထားပါသေးတယ်။ ဩဂုတ်လမှာ တာလီဘန်တွေက အာဖဂန် တစ်နိုင်ငံလုံးကို ထိန်းချုပ်လိုက်တဲ့နောက် ထောင်သောင်းချီ များပြားတဲ့ အစိုးရ ဝန်ထမ်းတွေဟာ အလုပ်အကိုင် နေရာတွေကို စွန့်ခွာပြီး ပြည်ပကို ထွက်ပြေးကုန်ကြပါတယ်။

လက်ရှိ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲသစ် ဖြစ်လာတဲ့ မွတ်မိန်းကလည်း လူနည်းစု ရှီးဟိုက် မွတ်ဆလင်တွေ ဝတ်ပြုရာ ဗလီတွေ အပါအဝင် နေရာတချို့ကို ဗုံးခွဲဖို့ ညွှန်ကြားခဲ့ဖူးသူ ဖြစ်ပါတယ်။ အကြမ်းဖက်သမားဟောင်းတွေက တရားဥပဒေ စိုးမိုးရေး ဝန်ထမ်းတွေ ဖြစ်လာတဲ့အခါ အာဖဂန် ပြည်သူတွေရဲ့ အခြေခံ လုံခြုံရေး ရပိုင်ခွင့်တွေပါ စိုးရိမ်စရာ ဖြစ်လာကြောင်း လေ့လာသူတွေက သတိပေးထားကြပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူပျောက်တိုင်ကြားမှုတွေကို ရဲတစ်ဦးက အမှုပိတ်သိမ်းပစ်ခဲ့တဲ့ ဖြစ်စဉ် နောက်ဆက်တွဲ အရှုပ်တော်ပုံတွေ ကြုံလာတဲ့နောက် ရဲတပ်ဖွဲ့ဆီက ပိုမိုကောင်းမွန်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမျိုးကို တောင်ကိုရီးယား သမ္မတက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ ရေဘေးသွားလှူမယ့်သူတွေကို နေအိမ်ချိပ်ပိတ်မယ်ဆိုပြီး အာဏာသိမ်းစစ်တပ်လက်အောက်ခံ ခရိုင်ရဲတပ်ဖွဲ့မှူးက ခြိမ်းခြောက်နေ​​ကြောင်း ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ ဆန္ဒပြနေတဲ့ လူစုလူဝေးကို ပစ်မှတ်ထားတဲ့ အသေခံ ဗုံးခွဲမှုကြောင့် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံရဲ့ မြို့တော်မှာ အသေခံ ဗုံးခွဲမှု တစ်ခုကြောင့် လူ ၃၀ ကျော် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။