Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းစ ကာလုံအစည်းအဝေးမှာပါဝင်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို အကြမ်းဖက်သမားတွေအဖြစ် NUG ကြေညာ

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ စစ်အုပ်စုက ဥပဒေမဲ့ ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ စုစုပေါင်း ၆ဦးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၂၅ရက် နေ့စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးပြုလုပ်နေစဉ်။ ဓာတ်ပုံ - စကစ

နိုဝင်ဘာ-၂၆၊ ၂၀၂၅။ ပုရစ်/People’s Spring

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှာ စစ်အုပ်စုက ဥပဒေမဲ့ ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပါဝင်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါ စုစုပေါင်း ၆ဦးကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်ကြေညာလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က နိုဝင်ဘာ ၂၅ရက် နေ့စွဲနဲ့ ထုတ်ပြန် ကြေညာပါတယ်။

ပြည်သူလူထု ရွေးကောက်တင်မြောက်ထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကို မတရားဖမ်းဆီးကာ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ အဓိက တရားခံတွေဖြစ်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေ၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း(ထိုစဉ်က ကာကွယ်ရေးဝန်ကြီး)၊ ဒုဗိုလ်ချုပ်ကြီးစိုးထွဋ်(ထိုစဉ်က ပြည်ထဲရေးဝန်ကြီး)၊ ဒုဗိုလ်ချုပ်ကြီးရဲအောင်(ထိုစဉ်က နယ်စပ်ရေးရာဝန်ကြီး) တို့ကို အကြမ်းဖက်သမားတွေအဖြစ် သတ်မှတ်လိုက်ကြောင်း ကြေညာခဲ့တာပါ။

“ ဒီဟာက ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ အာဏာသိမ်းတဲ့အချိန်မှာ ဒီအချိန်မှာ အဓိက တာဝန်ရှိတဲ့သူတွေပေါ့။ အဓိက တာဝန်ရှိတာက စကစရဲ့ ကာလုံပေါ့။ အဲဒီအချိန်တုန်းက ဒါ NLD အစိုးရ လက်ထက်မှာပဲ ပြောလို့ရတာပေါ့။ အဲဒီမှာ တာဝန်ယူထားတဲ့ ကာလုံအဖွဲ့တွေက သမ္မတကို ဖမ်းဆီးတဲ့ဟာတွေပေါ့။ ဖမ်းဆီးပြီးတော့မှသာလျင် သူတို့က ဒီဟာကို လုပ်တာပါ။ အဲဒီအတွက်ကြောင့် သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဥပဒေနဲ့လည်း မညီဘူးပေါ့။ ပြီးတော့ သူတို့ အယောင်ပြလုပ်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အယောင်ပြပဲ လုပ်လုပ် ဒီလူတွေမှာတော့ အဓိက တာဝန်ရှိတယ်။ မင်းအောင်လှိုင်ကအဓိက တာဝန်ရှိသလိုမျိုးပဲ ကျန်တဲ့ သူတွေကလည်း မင်းအောင်လှိုင်ကို ကူညီပံ့ပိုးတဲ့ အဓိက တရားခံတွေကတော့ အဲဒီအချိန်က အစည်းအဝေးတက်တဲ့ ကာလုံအဖွဲ့ဝင်တွေ။ ဒါကြောင့် ဒီလူတွေကို အကြမ်းဖက်သမားတွေအဖြစ် ကြေညာတာပါ။” လို့ NUG ပြည်ထဲရေးနဲ့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” မြန်မာနိုင်ငံမှာ နိုင်ငံ့ခေါင်းဆောင်တွေကို မတရားဖမ်းဆီးထောင်ချပြီးတော့ နိုင်ငံတော်ပုန်ကန်မှုကို ကျူးလွန်ခဲ့တဲ့ တာဝန်ရှိသူအဖွဲ့အစည်းတွေကိုတော့ CRPH(ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ) ကရော NUG အနေနဲ့ရော အကြမ်းဖက်အဖွဲ့တွေ အဖြစ် ကြေညာခဲ့ပြီးဖြစ်ပါတယ်။ ဒါက အခုထပ်ပြီးထုတ်တာကတော့ အထူးသဖြင့် အဓိက နာမည်တွေနဲ့ ထပ်မံပြီးထုတ်ပြန်တာဖြစ်ပါတယ်။ အခုလက်ရှိ ထုတ်လိုက်တဲ့ ကာလုံအဖွဲ့ဝင်တွေကတော့ အာဏာသိမ်းမှုဖြစ်စဉ်မှာ အဓိက တာဝန်အရှိဆုံးလို့ ပြောလို့ရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို မတရားဖမ်းဆီးရာမှာ အဓိက တာဝန်ရှိဆုံးလို့ ပြောလို့ရတဲ့သူတွေပေါ့” လို့ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း အမည်ထုတ်ဖော်ပြီး အကြမ်းဖက်သမားအဖြစ် ကြေညာမှုတွေကို ဆက်တိုက်ပြုလုပ်သွားဖို့ရှိတယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အခု အကြမ်းဖက်သမားအဖြစ် NUGက ကြေညာခဲ့သူ ၆ဦးမှာ ဦးမြင့်ဆွေဟာ သေဆုံးသွားပြီးဖြစ်သလို အရင်က ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေအဖြစ်တာဝန်ယူခဲ့တဲ့ ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ဒုဗိုလ်ချုပ်ကြီးရဲ​အောင် တို့ဟာလည်း စစ်တပ်က အနားပေးခံထားရတာဖြစ်ပါတယ်။

NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေနဲ့ နိုင်ငံတော်ပုန်ကန်မှုကိုကျူးလွန်ခဲ့တဲ့မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ဥပဒေအရ အရေးယူနိုင်ရေးကြိုးပမ်းသွားမယ်လို့လည်းထုတ်ပြန်ထားပြီး တော်လှန်ရေးအင်အားစုတွေ နဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီဇင်ဘာ ၁၀ ရက်မှာ တနိုင်ငံလုံး လူထုတရပ်လုံးက “အပြင်မထွက်၊ အသံတိတ်သပိတ်ကြီး” (Silent Strike)ဆင်နွှဲမယ်လို့အသိ​ပေး

သတင်း

စစ်တပ်တကျော့ပြန် အာဏာသိမ်းမှုမှာပါဝင်ခဲ့တဲ့ဒုသမ္မတ ဦးမြင့်ဆွေ ပိုင်ဆိုင်တဲ့ မန္တလေးမြို့ ရှိ မြေကွက်ကို သမက်ဖြစ်သူ က ရောင်းစားလိုက်တဲ့အတွက် ဖြေရှင်းပေးဖို့ ဦးမြင့်ဆွေရဲ့ ဇနီးဖြစ်သူက ဒီနေ့ (ဒီဇင်ဘာလ ၄ ရက်)ထုတ်စစ်ကောင်စီထိန်းချုပ်တဲ့ သတင်းစာမှာကြေညာချက် ထည့်လာပါတယ်။

သတင်း

မန္တ​လေးမြို့မှာ ဒီဇင်ဘာ ၃ ရက်မနက်မနက်ပိုင်းမှာ စစ်တပ်​ရွေး​ကောက်ပွဲ ဆန့်​ကျင်​ကြောင်းဆန္ဒပြသွားသလိုဒီ​နေ့ အာဏာသိမ်းခေါင်းဆောင်ပါ ရောက်လာတာ​ကြောင့် စစ်တပ်က မြို့တွင်းကို RPGထမ်းကာ ခြေလျင်ကင်းလှည့်ခဲ့တယ်လို့ မြို့ခံ တွေက​ပြောပါတယ်။

သတင်း

အင်ဒိုနီးရှားနိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေနဲ့ အာဏာသိမ်းစစ်တပ်ကိုယ်စားလှယ်တွေ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေအပေါ် NUG နဲ့ NUCC တို့က ယတိပြတ်ငြင်းဆိုလိုက်ပါတယ်။