Connect with us

Hi, what are you looking for?

News

ချောင်းဦးမြိူ့နယ်တွင်ပျူ​စောထီးများကို အကြမ်းဖက်သမားအဖြစ်သတ်မှတ်​ချေမှုန်း​တော့မည်ဟု PDF သတိ​ပေး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီအား ရရာလက်နက်ဖြင့်ခုခံနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဒေသတွင်းအခြားအဖွဲ့များနှင့်ပါ ပူးပေါင်းတိုက်ခိုက်နေကြသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ပြည်သူ့စစ်အမည်ခံ လက်နက်ကိုင်ပျူစောထီးများကိုအကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အကြမ်းဖက်များအဖြစ် သက်မှတ်ကာ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးလိုက်သည်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ဇန်နဝါရီလ ၃၀ ရက်နေ့တွင် သတိပေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ အဆိုပါကြေညာချက်တွင် ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ထောက်ခံအားပေးသူများကို ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
(CHUPDF) အနေဖြင့် ပြည်သူများအဖြစ်သာ သက်မှတ်၍ တိုက်ခိုက်မှုမပြုခဲ့သော်လည်း ယခုအခါ အဆိုပါထောက်ခံသူများသည် ပြည်သူ့စစ်အဖြစ် အကြမ်းဖက်စစ်​ကောင်စီ၏ လက်နက်ကိုင်အကြမ်းဖက်သမားအသွင်အဖြစ် ကူးပြောင်းသွားပြီး နီးစပ်ရာကျေးရွာများအတွင်းရှိ အေးချမ်းစွာနေလိုသောပြည်သူများ၊ ဖက်ဒရယ်ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ နေအိမ်များကိုဖျက်ဆီးခြင်းစသော ခွင့်လွှတ်နိုင်ဖွယ်မရှိသော ရာဇဝတ်မှုများကို ဆိုးရွားစွာတရားလက်လွှတ် ကျူးလွန်လျက်ရှိကြောင်း အသိပေးထားသည်။

သို့ဖြစ်ပါ၍ ပြည်သူ့စစ်အမည်ခံ လက်နက်ကိုင်ပျူစောထီးများကို အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အကြမ်းဖက်များအဖြစ် သက်မှတ်ကာ ယခုအချိန်မှစ၍ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် ပျူစောထီးအကြမ်းဖက်များနှင့် အနီးကပ်နေထိုင်ခြင်းမပြုကြပါရန် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီအား ရရာလက်နက်ဖြင့်ခုခံနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီကို ဒေသတွင်းအခြားအဖွဲ့များနှင့်ပါ ပူးပေါင်းတိုက်ခိုက်နေကြသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။