Connect with us

Hi, what are you looking for?

News

ကျောက်ထု-ပခုက္ကူလမ်းပိုင်းတွင် စစ်ကောင်စီတပ်၏ ဆီသယ်ယာဥ်တစ်စီးကို မီးရှို့ဖျက်ဆီး

အကြမ်းဖက်စစ်ကောင်စီယန္တရားထောက်တိုင်တစ်ခုဖြစ်နေသော ဆီသယ်ယာဥ်အား မီးရှို့ဖျက်ဆီးပစ်ခဲ့ခြင်းဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ကျောက်ထု-ပခုက္ကူလမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီတပ်၏ ဆီသယ်ယာဥ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ​ကျောက်ထု PDF က ယနေ့(နိုဝင်ဘာ ၂၂ ရက်)တွင် ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၁ ရက်တွင် ကျောက်ထု-ပခုက္ကူလမ်းပိုင်းတစ်နေရာ၌ ဆီသယ်ယာဥ်တစ်စီးအား စစ်ဆေးခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်၏ ပုံမှန်ဆီသယ်ယူနေသော ယာဥ်ဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်ဟု ​ကျောက်ထု PDFက ဆိုသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီယန္တရားထောက်တိုင်တစ်ခုဖြစ်နေသော ဆီသယ်ယာဥ်အား မီးရှို့ဖျက်ဆီးပစ်ခဲ့ခြင်းဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မိဘပြည်သူများအနေနှင့်လည်း အကြမ်းဖက်စစ်ကောင် စီယန္တရားများတွင် ပါဝင်ကူညီခြင်း၊ လိုက်ပါဆောင်ရွက်ခြင်းများမပြုလုပ်ရန်​ ကျောက်ထုPDFက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်၊ ကျောက်ထုအ‌မြောက်တပ်က သေဆုံး၊ဒဏ်ရာရသူတွေကို စစ်တပ်က ရဟတ်ယာဉ် ၂စီးနဲ့ သယ်ထုတ်သွားတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။