Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်ကို စစ်တပ်က အပြင်းအထန်လေကြောင်းတိုက်ခိုက်၊ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ဦးသေဆုံး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့မှာ လေကြောင်းကနေအပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေရာ ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၇ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ − MDY PDF

စက်တင်ဘာ−၁၃၊ ၂၀၂၅/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီက ဒီကနေ့မှာ လေကြောင်းကနေအပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေရာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ပါတယ်။

ဒီကနေ့ (စက်တင်ဘာ၁၃ရက်)မှာ ညောင်ပင်သာကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ ကလေးငယ်တဦးအပါအဝင် ပြည်သူ ငါးဦးသေဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ပါတယ်။

ဒီကနေ့ နေ့လည် ၁၂နာရီခွဲမှာ စစ်ကောင်စီဟာ ညောင်ပင်သာရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် စစ်ကောင်စီဟာ ဒီကနေ့ ညနေ ၄နာရီဝန်းကျင်မှာလည်း သပိတ်ကျင်းမြို့နယ် နေရာအနှံ့အပြားကို Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ(၄၀)ခန့် ကြဲချတိုက်ခိုက်ခဲ့နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ပါတယ်။

Y-12 နဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သပိတ်ကျင်းမြို့နယ် ကျောက်ဖြာကျေးရွာအနီးက ကလေးငယ် တဦးနဲ့ အမျိုးသမီး တဦး အသက်ဆုံးရှုံးခဲ့ရပြီး အပြစ်မဲ့ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများဟာ အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်၊အိုးအိမ်၊စည်းစိမ်တွေကို နေ့စဉ်နဲ့ အမျှ ခြိမ်းခြောက်ဖျက်ဆီးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒေသခံတွေ ယခုရက်ပိုင်း ရင်ဆိုင်နေရတဲ့ရေဘေးကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ KPDF က စစ်ရေးလှုပ်ရှားမှုရပ်နားထားပေမယ့်စစ်တပ်ကဒီကနေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲပြီး စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ယောဒေသက ဆောမြို့နယ် နဲ့ထီးလင်းမြို့နယ်ကြားကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။