Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်တိုက်ပွဲ စစ်ကောင်စီ​၏ လေကြောင်း၊လက်နက်ကြီးကြောင့် ဒေသခံများစစ်ရှောင်နေရဟု KIA ပြော

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာကို စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေ၍ ဒေသခံများ စစ်ရှောင်နေရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၁၃ရက်ညတွင် သတင်းဖော်ပြသည်။

ဝိုင်းမော်မြို့တိုက်ပွဲကြောင့် စစ်ကောင်စီမိသားစုဝင်များ ရွှေ့ပြောင်းနေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

စက်တင်ဘာ-၁၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာကို စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေ၍ ဒေသခံများ စစ်ရှောင်နေရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၁၃ရက်ညတွင် သတင်းဖော်ပြသည်။

စစ်ကောင်စီတပ်က ဝိုင်းမော်မြို့နယ် လမြန်ရွာဘက် စစ်ရေးလှုပ်ရှားလာ၍ စက်တင်ဘာ ၁၀ရက်မှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာကို ဝိုင်းမော်အခြေစိုက် ခလရ(၅၈)တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးပြီး အသေးစိတ်အခြေအနေများဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ပြည်သူ့စစ်အင်အားများအသုံးပြုပြီး လမြန်ကျေးရွာဘက်သို့ ထိုးစစ်ဆင်နေခြင်းဖြစ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

ယခင် KIAသိမ်းပိုက်ထားသည့်နယ်မြေဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ကြိုးပမ်းလျက်ရှိရာ ဝိုင်းမော်တိုက်ပွဲ၌ နယ်မြေလက်လွှတ်ဆုံးရှုံးရခြင်းမရှိသေးဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့် ရက်ပိုင်းက အသိပေး ပြောကြားထားသည်။

KIA ဘက်က သတင်းထုတ်ပြန် ပြောဆိုခြင်းမရှိသော်လည်း ဩဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလ အတွင်း လမြန်ဒေသ တိုက်ပွဲတွင်စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများလည်း KIA ပူးပေါင်းတပ်က ဖမ်းမိသိမ်းဆည်းရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

အထိနာတဲ့စစ်တပ်က ဗုံးကြဲလို့ ကောင်းတုံရွာနဲ့ စာ၀တီးရွာ မီးလောင်ပျက်စီး

Facebook