Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော်တိုက်ပွဲ စစ်ကောင်စီ​၏ လေကြောင်း၊လက်နက်ကြီးကြောင့် ဒေသခံများစစ်ရှောင်နေရဟု KIA ပြော

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာကို စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေ၍ ဒေသခံများ စစ်ရှောင်နေရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၁၃ရက်ညတွင် သတင်းဖော်ပြသည်။

ဝိုင်းမော်မြို့တိုက်ပွဲကြောင့် စစ်ကောင်စီမိသားစုဝင်များ ရွှေ့ပြောင်းနေကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - စကစ

စက်တင်ဘာ-၁၄၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာကို စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်နေ၍ ဒေသခံများ စစ်ရှောင်နေရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၁၃ရက်ညတွင် သတင်းဖော်ပြသည်။

စစ်ကောင်စီတပ်က ဝိုင်းမော်မြို့နယ် လမြန်ရွာဘက် စစ်ရေးလှုပ်ရှားလာ၍ စက်တင်ဘာ ၁၀ရက်မှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာကို ဝိုင်းမော်အခြေစိုက် ခလရ(၅၈)တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးပြီး အသေးစိတ်အခြေအနေများဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ပြည်သူ့စစ်အင်အားများအသုံးပြုပြီး လမြန်ကျေးရွာဘက်သို့ ထိုးစစ်ဆင်နေခြင်းဖြစ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

ယခင် KIAသိမ်းပိုက်ထားသည့်နယ်မြေဒေသများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက ကြိုးပမ်းလျက်ရှိရာ ဝိုင်းမော်တိုက်ပွဲ၌ နယ်မြေလက်လွှတ်ဆုံးရှုံးရခြင်းမရှိသေးဟု KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြီးခဲ့သည့် ရက်ပိုင်းက အသိပေး ပြောကြားထားသည်။

KIA ဘက်က သတင်းထုတ်ပြန် ပြောဆိုခြင်းမရှိသော်လည်း ဩဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလ အတွင်း လမြန်ဒေသ တိုက်ပွဲတွင်စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများလည်း KIA ပူးပေါင်းတပ်က ဖမ်းမိသိမ်းဆည်းရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့နယ် ချောင်းစောင့်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၉)နှစ်အရွယ် ကလေးငယ် ၁ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်းစစ်တပ်က သတိပေးတဲ့အနေနဲ့ မီးကျည်နှစ်လုံးပြန်လည်ပစ်ခတ်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။