Connect with us

Hi, what are you looking for?

သတင်း

ပွဲမစမီ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာစေကြောင်း ဆုတောင်းပေးကြတဲ့ နယူးယောက်က ရောင်နီ

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ရောင်နီ ဖျော်ဖြေပွဲမစတင်မီ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း တစ်မိနစ် ငြိမ်သက်ဆုတောင်းပြီးမှ ပွဲစတင်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ-၁၃၊၂၀၂၅။ဆဏ်း/People’s Spring

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ရောင်နီ ဖျော်ဖြေပွဲမစတင်မီ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း တစ်မိနစ် ငြိမ်သက်ဆုတောင်းပြီးမှ ပွဲစတင်ခဲ့တယ်လို့ သိရပါတယ်။

“လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေကြောင်း အားလုံးငြိမ်သက်ဆုတောင်း ခဲ့ကြပြီး ဖျော်ဖြေမှုအစီအစဉ်ကို စတင်ခဲ့ပါတယ်” လို့ ရောင်နီ Tour ရဲ့ဖေ့စ်ဘွတ်ခ်မှာ အသိပေးထားပါတယ်။

ဒီပွဲကို စက်တင်ဘာ ၁၃ ရက်ညမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့ ရောင်နီ ရဲ့ ခုနစ်ပွဲမြောက် ဖျော်ဖြေပွဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီပွဲမှာလည်း အရင်ပွဲတွေလိုပဲ လင်းလင်းက မြေပြင်မှာ ဆောင်ရွက်နေတဲ့ ပံ့ပိုးမှု လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့ပြီး မြေပြင်မှာဆောင်ရွက်နေသူတွေကိုလည်း မိတ်ဆက်ပေးခဲ့တယ်လို့ သိရပါတယ်။

“တောတွင်းတစ်နေရာ မြေပြင်မှာရောက်ရှိနေတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် မနီလာသိန်းက အားလုံးကိုယ်စား အမှာစကားပြောကြားခဲ့ပါတယ်။” လို့ ရောင်နီ Tour မှာဖော်ပြထားပါတယ်။

ဒီပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်းတတ်ရောက်ခဲ့ပြီး ခွန်အားဖြည့်စကားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီပွဲမှာ လင်းလင်း ချစ်သုဝေတို့ နဲ့အတူ ဧည့်သည်အနေနဲ့ The Durgas အဖွဲ့က ဂီတပညာရှင် BENJII လည်း ပါဝင် ဖျော်ဖြေခဲ့ပါတယ်။

ဒီပွဲကရရှိတဲ့ ငွေစာရင်းကိုတော့ သတင်းဖော်ပြချိန်အထိ တရားဝင်ကြေညာခြင်းမရှိသေးပါဘူး။

ရောင်နီပွဲတွေကို ဧပြီ ၁၂ ရက်က Maryland ၊ မေ၂၄ က Boston ၊ ဇွန် ၁၄ က San Francisco (Bay Area) ၊ ဇွန် ၂၈ ရက်က Florida ၊ဇူလိုင် ၁၉ က Texas နဲ့ ဩဂုတ် ၁၆ က Milwaukee မှာပြုလုပ်ခဲ့ပါတယ်။

ရောင်နီပွဲအနေနဲ့ ယခင်ပြုလုပ်ခဲ့တဲ့ ဖျော်ဖြေပွဲတွေကနေ အမေရိကန်ဒေါ်လာလေးသိန်းကျော်ရရှိခဲ့ပြီး ရရှိငွေတွေကိုတော့ အရေးပေါ်သဘာဝဘေးနှင့်စစ်ရှောင်များ ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍ၊ပညာရေး ကဏ္ဍ၊တောင်ပေါ်တောင်အောက် လူ့အခွင့်အရေးလှုပ်ရှားမှုများကဏ္ဍ အသီးသီးအတွက် အချိန်မဆိုင်းဘဲ လွှဲပြောင်းစီးဆင်းနေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသူတွေရဲ့ မိသားစုတွေကိုမမေ့လျော့ကြဖို့အဓိကရည်ရွယ်တဲ့ Theatre 21 (ပြဇာတ် ၂၁)ဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ရက်မှာ အမေရိကန်နိုင်ငံမေရီလန်းမှာ ပြုလုပ်မယ်လို့​​ကြေညာပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။

သတင်း

ဩဂုတ်လမွေးနေ့ရှင် တော်လှန်အနုပညာရှင် ချစ်သုဝေ က သူမရဲ့ မွေးနေ့မှာ သီချင်းသစ်တစ်ပုဒ်ဖြန့်ချိမယ်လို့ အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

Facebook