Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATOနဲ့ စစ်ဖြစ်နေပြီးသားလို့ ယူဆထားကြောင်း ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိဆို

NATO စစ်မဟာမိတ် အဖွဲ့ဟာ ရုရှားနဲ့ စစ်ဖြစ်နေပြီးသားလို့ ယူဆလို့ရကြောင်း ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားပါတယ်။

ဓာတ်ပုံ - Getty Images

NATO စစ်မဟာမိတ် အဖွဲ့ဟာ ရုရှားနဲ့ စစ်ဖြစ်နေပြီးသားလို့ ယူဆလို့ရကြောင်း ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက ပြောကြားသွားပါတယ်။

ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က စက်တင်ဘာ ၁၅ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ အဲဒီလို မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ သူက NATOဟာ ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်း အစိုးရကို ထောက်ပံ့နေ ကတည်းက ရုရှားနဲ့ စစ်ဖြစ်နှင့်နေပြီးသားလို့ ယူဆနိုင်ကြောင်း ဆိုပါတယ်။

NATOဟာ ရုရှားနဲ့ စစ်ဖြစ်နှင့်နေပြီးကြောင်း၊ ဒီကိစ္စအတွက် အထူးတလည် သက်သေပြနေစရာ မလိုကြောင်း၊ ယူကရိန်းကို NATOက တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးပါ ထောက်ပံ့ ကူညီနေခဲ့ချိန် ကတည်းက ရုရှားနဲ့ စစ်ဖြစ်နေပြီးသားလို့ သတ်မှတ်လို့ရကြောင်း ပက်စ်ကော့ဗ်က ဆိုပါတယ်။

NATO အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ပိုလန်နဲ့ ရိုမေးနီးယားတို့က လေပိုင်နက်ထဲ ရုရှားဒရုန်းတွေ ဝင်ရောက်ခဲ့တဲ့ ဖြစ်စဉ်တွေအပြီး ရက်ပိုင်းလောက် အကြာမှာ ရုရှားဖက်က အခုလို သဘောထားမှတ်ချက် ထွက်ပေါ်လာတာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်၊ ပိုလန်နိုင်ငံမှာ ကြုံတွေ့ခဲ့တဲ့ ဒရုန်းတွေ ကျူးကျော်မှုမှာတော့ ပိုလန်နဲ့ NATO တိုက်လေယာဉ်တွေ ပူးပေါင်းပြီး ရုရှား ဒရုန်းတချို့ကို ကြားဖြတ် ပစ်ချခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ပိုလန်မှာ ရုရှား ဒရုန်းတွေကို ပစ်ချခဲ့တဲ့ ဖြစ်စဉ်အပြီး လူမှုကွန်ရက်တွေပေါ်မှာ ပိုလန်ဟာ စစ်ထဲဆွဲသွင်းတာ ခံရတော့မယ်ဆိုတဲ့ သတင်းတု သတင်းမှား ဖြန့်ဝေမှုတွေလည်း သိသိသာသာ မြင့်တက်လာတယ်လို့ လေ့လာ စောင့်ကြည့်သူတွေက ဆိုပါတယ်။ အဲဒီလို အထိတ်တလန့် ဖြစ်စေလောက်မယ့် သတင်းတွေကို ရုရှားနဲ့ ဘီလားရုစ်ကနေ သိသိသာသာ ဝါဒဖြန့်မှုတွေ ရှိလာနေတာလို့ သိရပါတယ်။

ပိုလန်နဲ့ NATO စစ်မဟာမိတ် အဖွဲ့ဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ တိုက်ရိုက် ပါဝင်တိုက်ခိုက်မှုမျိုး မရှိပေမယ့် ယူကရိန်းကို စစ်လက်နက်တွေ၊ ငွေကြေးတွေ၊ စစ်ရေး လေ့ကျင့်ပေးမှုတွေနဲ့ တခြားအကူအညီတွေကို ပံ့ပိုးပေးနေခဲ့ပါတယ်။

ကိုးကား: News Week

ဆက်စပ်သတင်းများ

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ သွေးစည်းညီညွတ်မှုကို အကဲစမ်းဖို့ ရုရှားက အကန့်အသတ်နဲ့ ရန်စ တိုက်ခိုက်တာမျိုးတွေ ရှိလာနိုင်ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ

ရုရှားဆီက မျိုးဆက်သစ် Su-57E တိုက်လေယာဉ်တွေ ဝယ်ယူဖွယ်ရှိကြောင်း သတင်းတွေကို အိန္ဒိယက ငြင်းပယ်သွားခဲ့ပါတယ်။

ဆောင်းပါး

ယူကရိန်းစစ်ပွဲက ရုရှားအတွက်တော့ ကြီးမားတဲ့ စစ်ရေးအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို ယူဆောင်လာခဲ့ပေမယ့်၊ ဒီစစ်မြေပြင်က တရုတ်အတွက်တော့ မဟာဗျူဟာမြောက် စစ်သင်တန်းကျောင်းကြီးဖြစ်လာပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ်ကို ရုရှားက ဒုံးကျည်တွေ အများအပြားနဲ့ ပစ်ခတ်ပြီး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဟာ လေကြောင်းကာကွယ်ရေး ဒုံးခွင်းဒုံးတွေ လိုအပ်မှု ပြဿနာ ဘယ်လောက် ကြီးမားသလဲ ဆိုတာကို မီးမောင်းထိုးပြနေကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။