Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်တွင် ယခုလဝက်အတွင်း KNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ၅၀ကျော်ဖြစ်

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ (၅)နယ်မြေတွင် ယခု စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်းKNU ဖာပွန်ခရိုင်ကယနေ့ (စက်တင်ဘာ ၁၆ရက်) တွင် သတင်းထုတ်ပြန်သည်။

KNLAတပ်မှ ရဲဘော်တဦးအား ကရင်ပြည်နယ်အာရှလမ်းတိုက်ပွဲတခုအတွင်းတွေ့ရစဉ်။ ဓာတ်ပုံ − ရိုက်တာ

စက်တင်ဘာ−၁၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ (၅)နယ်မြေတွင် ယခု စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲ ၅၇ ကြိမ်ဖြစ်ပွားခဲ့ကြောင်းKNU ဖာပွန်ခရိုင်ကယနေ့ (စက်တင်ဘာ ၁၆ရက်) တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁ရက်မှ ၁၅ရက်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု၊ တိုက်ပွဲဖြစ်ပွားမှု ကို KNU ဖာပွန်ခရိုင် တပ်မဟာ(၅)က ကရင်ဘာသာဖြင့် သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

” ၁၅ရက်အတွင်း တပ်မဟာ(၅)ရဲ့ ဖာပွန်ခရိုင်ရဲ့ ထုတ်ပြန်ချက်အရ စကစက လူ့အခွင့်အရေးချိုးဖောက်တာတွေအများကြီးရှိတယ်လို့ ရေးထားတယ်။KNLAနဲ့ စစ်ကောင်စီအဖွဲ့က တိုက်ပွဲဖြစ်တဲ့ဟာလည်းရှိတယ်။ စက်တင်ဘာ ၁ရက်နေ့ကနေ ၁၅ရက်နေ့အတွင်းမှာ တိုက်ပွဲ အားလုံးပေါင်း ၅၇ကြိမ်ဖြစ်ခဲ့တာပေါ့။ပြီးတော့ ဒီတိုက်ပွဲ ဖြစ်တဲ့အပေါ်မှာ စကစ ဘက်က ၄ဦးသေဆုံးတယ်။ ထခိုက်ဒဏ်ရာ ၈ဦးရှိတယ်။ပြီးတော့ စကစရဲ့ အဆောက်အအုံတခုကို ဖျက်ဆီးနိုင်ခဲ့တယ်” ဟု ကရင်သတင်းရင်းမြစ်က KNU တပ်မဟာ(၅)၏ သတင်းထုတ်ပြန်ချက်ကို ဘာသာပြန်ရှင်းပြပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် စစ်ကောင်စီဘက်က ဒရုန်းအသုံးပြု တိုက်ခိုက်သကဲ့သို့ လေကြောင်း တိုက်ခိုက်ခဲ့ဟု ဖော်ပြသည်။

” ဂျက်ဖိုက်တာတွေ သုံးပြီး ဗုံးလာကြဲတာကြောင့် ပြည်သူလူထုတွေရဲ့ အလုပ်အကိုင် နေရာ ရွာတွေမှာလာကြဲတာ။ ကျောင်းကို ပစ်မှတ်ထားပြီး လာကြဲတဲ့အပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်တဲ့ဟာလို့ သူရေးတာပေါ့နော်” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။

KNU တပ်မဟာနှင့် ခရိုင် ၇ခုရှိရာ ဖာပွန်ခရိုင်၊ တပ်မဟာ(၅)သည် နယ်မြေအတွင်း စစ်ကောင်စီတပ်များ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲထောင်ချီဖော်ဆောင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook