Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းဘတ်ငွေတန်ဖိုးမာနေတာဟာရွှေစျေးကွက်နဲ့ ဆက်စပ်နိုင်တယ်လို့ ထိုင်းဗဟိုဘဏ်ပြော

ထိုင်းဘတ်ငွေတန်ဖိုးမာနေတာနဲ့ရွှေသားကုန်သွယ် ရောင်းဝယ်မှုဆိုင်ရာစည်းမျဉ်းလျော့ရဲမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေကြောင်း ထိုင်းဗဟိုဘဏ်က အတည်ပြုခဲ့ပါတယ်။

ထိုင်းဗဟိုဘဏ် အကြီးအကဲ ဆီသာပွတ် ဆူသီဝတ်နော်ရူပတ်။ ဓါတ်ပုံ-Bangkok Post

စက်တင်ဘာ-၁၇၊၂၀၂၅။People’s Spring

ထိုင်းဘတ်ငွေတန်ဖိုးမာနေတာနဲ့ရွှေသားကုန်သွယ် ရောင်းဝယ်မှုဆိုင်ရာစည်းမျဉ်းလျော့ရဲမှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေကြောင်း ထိုင်းဗဟိုဘဏ်က အတည်ပြုခဲ့ပါတယ်။

ထိုင်းဗဟိုဘဏ်ဖြစ်တဲ့ ထိုင်းဘဏ်ရဲ့ အကြီးအကဲ ဆီသာပွတ် ဆူသီဝတ်နော်ရူပတ်ကအမေရိကန် ဒေါ်လာနဲ့ယှဉ်ရင် ထိုင်းဘတ်ငွေ စျေးမာလာတာဟာ ရွှေစျေးကွက်နဲ့လည်းဆက်နွှယ်မှုတွေရှိနိုင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဗဟိုဘဏ် အနေနဲ့ ဘတ်ငွေတန်ဖိုး တည်ငြိမ်ရေးအတွက် ပိုပြီးကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ ကိုင်တွယ်ဖို့ ရွှေကုန်သည်ကြီးတွေနဲ့ တခြား သက်ဆိုင်ရာ စီးပွားရေး အစုအဖွဲ့တွေနဲ့လည်း ဆွေးနွေးနေတယ်လို့ မကြာခင် ရာထူးကနေ ထွက်ခွာတော့မယ့် ဆီသာပွတ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းဘတ်ငွေဟာ အခုနှစ်ထဲမှာ ဒေါ်လာနဲ့ယှဉ်ရင် ၇ ရာခိုင်နှုန်းလောက်တန်ဖိုးမြင့်လာပါတယ်။ဒါဟာ အရှေ့တောင်အာရှဒေသတွင်း နိုင်ငံအများစုရဲ့ ငွေတန်ဖိုး တက်မှုထက် ပိုများနေတဲ့ ပမာဏ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာကိုယ်တိုင်က တန်ဖိုးကျဆင်းနေတာဟာအဓိကအကြောင်းတရားတစ်ခု ဖြစ်သလို ထိုင်းရဲ့ ရွှေစျေးကွက်ကလည်း ဒီအပြောင်းအလဲမှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ သူက ပြောပါတယ်။

ဗဟိုဘဏ်နဲ့ စီးပွားရေးသမားတွေ၊ ကုန်သည်ကြီးတွေ ဆွေးနွေးရာမှာ ဘတ်ငွေတန်ဖိုး တည်ငြိမ်ရေးအတွက်အခွန်စည်းကြပ်မှုတွေပြင်ဆင်ဖို့၊ ရွှေအရောင်းအဝယ်မှာဒေါ်လာကို ပိုမိုအသုံးပြုရေး တွန်းအားပေးဖို့ ဆိုတဲ့ စိတ်ကူးတွေကိုလည်း ထည့်သွင်း စဉ်းစားခဲ့ကြပါတယ်။ ဒါပေမဲ့အပြီးသတ် အစီအမံတွေကိုသတ်မှတ်အတည်ပြုဖို့အတွက်တော့နောက်ထပ် ဆွေးနွေးမှုတွေ လိုအပ်ဦးမယ်လို့ ဆီသာပွတ်က မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ပြီး ၂၀၂၄ ခုနှစ်တုန်းက ထိုင်းရဲ့ ငွေပေးချေမှု ဟန်ချက်ကိုစောင့်ကြည့်စာရင်းပြုစုရာမှာလည်းပြီးခဲ့တဲ့နှစ်က ဘယ်တုန်းကနဲ့မှ မတူအောင် အမှားအယွင်းတွေ များပြားခဲ့ပါတယ်။အဲဒီကိစ္စကလည်းရွှေတင်ပို့ရောင်းချမှုလို ကိစ္စတွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမဲ့ အသေးစိတ် အတည်ပြုဖို့ဆိုရင် အချက်အလက် အသစ်တွေ ပိုလိုအပ်နေပြီး ကမ္ဘောဒီးယားလို နိုင်ငံမျိုးတွေဆီ ရွှေတင်ပို့မှုတွေမှာ မသမာတဲ့ လမ်းကြောင်းတွေ ရှိသလား၊ ဒါမှမဟုတ် ဒစ်ဂျစ်တယ်ငွေကြေး cryptocurrency အရောင်းအဝယ်တွေနဲ့ ယှက်နွှယ်သလား ဆိုတာတွေကို ခြေရာခံသင့်တယ်လို့ ဆီသာပွတ်က ပြောပါတယ်။

ထိုင်းဟာကိုဗစ်ကပ်ရောဂါကာလနောက်ပိုင်း စီးပွားရေး ပြန်လည် နာလန်ထူလာနိုင်ပေမယ့်လည်း အိမ်ခြံမြေ ကြွေးမြီကိစ္စတွေ မြင့်တက်နေတာ၊ အမေရိကန် အစိုးရရဲ့ အခွန်စည်းကြပ်မှု အသစ်တွေက ရေရှည် တိုးတက်မှုအတွက် စိန်ခေါ်မှုတွေ ဖြစ်လာနေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

နောက်ပြီးနိုင်ငံဝင်ငွေနဲ့ယှဉ်ရင်အစိုးရအသုံးစရိတ်ကလည်း ခပ်မြန်မြန် တိုးလာနေပြီး အဲဒီကွာဟချက်ကို ခပ်မြန်မြန် မကိုင်တွယ်နိုင်ဘူးဆိုရင် ထိုင်းရဲ့ ကြွေးမြီနှုန်းထားတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်ကြောင်း ဆီသာပွတ်က သတိပေးသွားပါတယ်။

လောလောဆယ်မှာတော့ ထိုင်းဗဟိုဘဏ်ဟာ နိုင်ငံ စီးပွားရေးတိုးတက်အောင် အထောက်အကူ ဖြစ်စေဖို့ ဘဏ္ဍာရေး ဝန်ထုပ်ဝန်ပိုတွေကို ပြေလျော့စေဖို့ အတိုးနှုန်းတွေကို ၄ ကြိမ်ပြင်ဆင်ခဲ့ပြီး ၁.၅ ရာခိုင်နှုန်းထိ လျှော့ချပေးထားပြီး ဖြစ်ပါတယ်။

ကိုးကား- Bangkok Post

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ မှာဘန်ကောက်မြို့က စစ်ကောင်စီသံရုံးကို နှင်းဆီပန်း ၈၁ ပွင့် သွားရောက်ပေးတဲ့ တက်ကြွလှုပ်ရှားသူ ကိုနေရှိုင်းကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

သတင်း

ဇွန်-၁၈၊၂၀၂၆။ )ဒီဒီး/People’s Spring ထိုင်းနိုင်ငံမှာ အခု ဇွန်လအတွင်း မြန်မာလုပ်သားတွေ စစ်ဆေးဖမ်းဆီးခံရမှု ခပ်စိတ်စိတ်ဖြစ်နေတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။ အရင်က နယ်စပ်ဝင်ပေါက်တွေကနေ တရားမဝင် ဝင်ရောက်လာသူတွေကို ရှာဖွေဖမ်းဆီးနေရာက လက်တလောမှာ ထိုင်းအာဏာပိုင်တွေက လုပ်ငန်းခွင်တွေအထိပါ စစ်ဆေးဖမ်းဆီးနေတာလို့ ဆိုပါတယ်။ ဇွန်လ ၁၆ရက်မှာ...

နိုင်ငံတကာ

အပြောင်းအရွှေ့ အမိန့်နဲ့ ပတ်သက်ပြီး မကျေနပ်တဲ့ ထိုင်းစစ်သား တစ်ဦးက အထက်အရာရှိကို ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ grade 3 ကျောင်းသား တစ်ယောက်က ကိုင်းခုတ်ဓားကိုင်ပြီး လိုက်တဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့နေပါတယ်။