Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်ခရိုင်ကမြို့နယ်တွေကို စစ်တပ် လေယာဉ်နဲ့ ဗုံးပတ်ကြဲ၊ ပြည်သူနှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရ

စစ်တပ်က တိုက်ပွဲမရှိဘဲ ထားဝယ်ခရိုင်ထဲကမြို့နယ်တွေကို ဒီနေ့ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ လေယာဥ်နဲ့ဗုံးပတ်ကြဲခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ထိခိုက်ပျက်စီးသွားတဲ့ အ​ခြေအနေတချို့ကိုတွေ့ရစဥ်။ဓာတ်ပုံ - CJ/ပေးပို့

စက်တင်ဘာ−၁၇၊ ၂၀၂၅။ ကျော်ဇော/ People’s Spring

စစ်တပ်က တိုက်ပွဲမရှိဘဲ ထားဝယ်ခရိုင်ထဲကမြို့နယ်တွေကို ဒီနေ့ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ လေယာဥ်နဲ့ဗုံးပတ်ကြဲခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့မနက် ၁၁ နာရီဝန်းကျင်လောက်ကစပြီး မြိတ်လေတပ်ကနေတက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ Y-12 အမျိုးအစားလေယာဥ်တစ်စီးဟာ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နဲ့ ထားဝယ်မြို့နယ် အရှေ့တောဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်သွားတာလို့ သိရပါတယ်။

“ထား၀ယ်ခရိုင် မြို့နယ် ၄ခုမှာ မြိတ်လေတပ်ကတက်လာတဲ့ Y-12 လေယာဉ်နဲ့ ဗုံးကြဲ သွားတာ။

Public Service Announcement

Public Service Announcement

နေရာတော်တော်များပါတယ်။ ဘာတိုက်ပွဲမှမရှိဘဲ ရွာတွေထဲကို ဘလိုင်းကြဲချတယ်။ တကယ့်ကို လူစိတ်မရှိတဲ့ အကြမ်းဖက်လုပ်ရပ်တွေပါ” လို့ ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့ မြို့နယ်တွေထဲမှာ လောင်းလုံးမြို့နယ်မှ ရဘဲကျောက်တွင်းဖက် ဟင်ချိုတောနဲ့ အပြေရှောင်ကျေးရွာကြား၊ ဝေဒီရွာကိုကြဲသွားပြီး အရပ်သားပြည်သူနှစ်ဦးသေဆုံးကာ သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ အဲဒီရင်းမြစ်က ဆက်ပြောပါတယ်။

အလားတူ သရက်ချောင်းမြို့နယ်ထဲက ကင်းရှေ့ရွာတောစပ် မိုးရွှေကုန်းရွာအနီး ဥတ္တူရွာ၊ ထားဝယ်မြို့နယ်မှ အရှေ့တောဒေသနဲ့ ရေဖြူမြို့နယ်ဘက်ကိုလည်း Y-12 အမျိုးအစားလေယာဥ် ဆက်လက်ပျံသန်းသွားတယ်လို့ သိရပြီး နေအိမ်အဆောက်အအုံထိခိုက်ပျက်စီးမှုတွေရှိခဲ့ပေမယ့် အရေအတွက်တိတိကျကျ မသိရသေးပါဘူး။

“မနက်ဖြန်(စက်တင်ဘာ ၁၈) ထား၀ယ်ကို မင်းအောင်လှိုင် လာမယ်ဆိုပြီး သတင်းကြားထားတယ်။ အဲဒီအတွက် တမင်တကာရည်ရွယ်ချက်ရှိရှိ ပြည်သူကိုဗုံးကြဲ သတ်ဖြတ်တာလို့ ယူဆရတယ်”လို့ ဒေသစစ်ရေးသတင်းရင်းမြစ် နောက်တစ်ဦးက မှတ်ချက်ပေးပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထားဝယ်ခရိုင်ခရီးစဥ်နဲ့ပတ်သက်လို့ လူထုနွေဦးက တစုံတရာသိရှိရတာ မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ကို စစ်တပ်က လေယာဉ်အုပ်စုနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း နေအိမ်အဆောက်အအုံ ၂၀ခန့်ပျက်စီးပြီး ဒေသခံပြည်သူ ၂ဦး ထိခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

သံတွဲမှာ ၁၁ ရက်အတွင်းစစ်တပ်ဗုံးကြဲလို့ ၇ ဦးသေပြီး ၃၆ ဦး ဒဏ်ရာရ