Connect with us

Hi, what are you looking for?

သတင်း

ဗန်း​မောက်မြို့သိမ်းတိုက်ပွဲသုံးရက်ဆက်ပြင်းထန်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့က စစ်တပ်စခန်း​တွေကို တော်လှန်​ရေးတပ်​တွေက စက်တင်ဘာ ၁၅ ရက်ကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာမှာ စခန်းတချို့ကိုသိမ်းပိုက်ထားပြီလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက People’s Springကို ပြောပါတယ်။

ဗန်း​မောက်မြို့အနီးဝန်းကျင်ကို Google Earth တွင်​တွေ့ရပုံ

စက်တင်ဘာ-၁၇၊၂၀၂၅။​နေ့သစ်/People’s Spring

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့က စစ်တပ်စခန်း​တွေကို တော်လှန်​ရေးတပ်​တွေက စက်တင်ဘာ ၁၅ ရက်ကစပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာမှာ စခန်းတချို့ကိုသိမ်းပိုက်ထားပြီလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက People’s Springကို ပြောပါတယ်။

စစ်​တပ်နဲ့ ရှမ်းနီတပ် (SNA) စုစုပေါင်း အင်အား ၅၀၀ ဝန်းကျင်ရှိတဲ့ ဗန်းမောက်မြို့က စစ်တပ်စခန်း​တွေကို​တော်လှန်​ရေးတပ်​တွေက စက်တင်ဘာ ၁၅ ရက်မနက်အ​စောပိုင်းမှစပြီး မြို့ကိုသိမ်းနိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်​နေတာပါ။

လောလောဆယ်‌မှာတော့ ဗန်းမောက်မြို့ထဲကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ အင်းတော်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲပထမ​နေ့မှာပဲ မြို့ကို ကာထားတဲ့ စစ်ကောင်စီနဲ့ SNA ပူးပေါင်း စခန်းကာကင်းနေရာတချို့ကို တော်လှန်ရေးအဖွဲ့တွေ ရရှိထားတယ်လို့လည်း သိရပါတယ်။

ဗန်း​မောက်​ဒေသမှ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ

စစ်ရေးသတင်းရင်းမြစ်ကတစ်ဦးကလည်း​ ဗန်းမောက်မြို့သိမ်းတိုက်ပွဲဖြစ်ပြီး ပထမဆုံး​နေ့မှာပဲ ရှမ်းနီ SNA စခန်း ၃ ခုကို KIA၊PDF အပါအဝင်တပ်ပေါင်းစုက သိမ်းလိုက်ပြီလို့ ပြောပါတယ်။ ကျန်ရှိတဲ့ စခန်း​တွေကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ဆက်ပြောပါတယ်။ တိုက်ပွဲတိုက်တတိယ​နေမှာလည်းတိုက်ပွဲ​တွေဆက်လက်ပြင်းထန်​နေပါတယ် ။

ဗန်းမောက်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့အတူ PDF ​တပ်ရင်းတွေ၊ ​ပက​တွေ ၊ဒေသခံကာကွယ်​ရေးတပ်တွေစတဲ့ ပူးပေါင်းတပ်​တွေက အတူပူး​ပေါင်းပြီး စစ်တပ်နဲ့ ရှမ်းနီတပ်စခန်း​တွေကို တိုက်ခိုက်​နေတာဖြစ်ပါတယ်။ ​တော်လှန်​ရေးတပ်​တွေနဲ့အတူ ကဒူးတိုင်းရင်းသား​တွေနဲ့ဖွဲ့စည်းထားတဲ့ ကဒူးကာကွယ်ရေးတပ်ဖွဲ့လည်း ပါဝင်တိုက်ခိုက်​နေတယ်လို့ စစ်ရေးသတင်းရင်မြစ်တဦးက​ပြောပါတယ်။

စခန်းတချို့သိမ်းခံရတာကြောင့် စစ်ကောင်စီဘက်က လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်တာတွေလည်း ရှိနေပါတယ်။

စစ်တပ် နဲ့ ရှမ်းနီတပ်(SNA)က မြို့ထဲပိတ်မိ​နေတဲ့ပြည်သူတွေကို ပြင်ပထွက်ခွင့်မပေးပဲ ပိတ်ထားပါတယ် ။စက်တင်ဘာလ ၁၇ ရက်နေ့လယ်အထိ လက်နက်ကြီးပစ်ခတ်သံများကြားနေရတယ်လို့​ဒေသခံတစ်ဦးကပြောပါတယ် ။

ဗန်းမောက်မြို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရကသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်၊ မော်လူး၊ ပင်လည်ဘူးမြို့​တွေ ဝန်းရံထားတဲ့ နေရာမှာရှိပါတယ် ။အင်းတော်နဲ့ ကားလမ်းအတိုင်းဆိုရင် မိုင် ၃၀ ခန့် ၊ မော်လူးနဲ့ မိုင် ၅၀ ခန့် ၊ ပင်လည်ဘူးမြိုနဲ့ ၆၁ မိုင် ခန့်အကွာမှာတည်ရှိပါတယ် ။

လက်ရှိစစ်ရေးအခြေအနေကြောင့် အင်းတော်-ဗန်းမောက်ဗျူဟာလမ်းပိုင်းအပါအဝင် အခြားလမ်းပိုင်းအားလုံးကို ​တော်လှန်​ရေးတပ်​တွေက စက်တင်ဘာ ၁၅ ရက်ကစလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့မှာ သင်္ကြန်ကာလ ရေကစားကြမယ့်ပြည်သူတွေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးအစီအစဥ်တွေထားရှိဖို့နဲ့ ခိုက်ရန်မဖြစ်စေချင်ကြောင်း ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ဗန်မောက်မြို့နယ်မှာ အသေးစားရွှေလုပ်ကွက်တွေ လုပ်ခွင့်ရဖို့ ဒေသခံတွေ နဲ့ စစ်ဘေးရှောင်တွေကဖေ​ဖော်ဝါရီ ၉ ရက်​နေ့က ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ကနေ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခွာထားရတယ်လို့ မြေပြင်မှာရှိ​နေတဲ့ ရဲဘော်အချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ကို ပြန်ရဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ရာနဲ့ချီ လုပ်နေတယ်လို့ မြေပြင်ရဲဘော်တွေနဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။