Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်ကို ငါးလခန့်ကြာထိန်းချုပ်ပြီးနောက် တော်လှန်ရေးတပ်တွေ ဆုတ်ခွာထားရ

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ကနေ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခွာထားရတယ်လို့ မြေပြင်မှာရှိ​နေတဲ့ ရဲဘော်အချို့က ပြောပါတယ်။

PDFတပ်ဖွဲ့ဝင်တွေ ဗန်းမောက်မြို့သိမ်းပြီးနောက် မြို့အဝင်ဆိုင်းဘုတ် ရှေ့မှာ အောင်ပွဲခံစဥ်။ ဓာတ်ပုံ - ပေးပို့

ဖေဖော်ဝါရီ-၉၊၂၀၂၆။မိုမို/People’s Spring

စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ကနေ တော်လှန်ရေးတပ်တွေ ပြန်ဆုတ်ခွာထားရတယ်လို့ မြေပြင်မှာရှိ​နေတဲ့ ရဲဘော်အချို့က ပြောပါတယ်။

PDF ​တွေကငါးလခန်းအကြာ (၁၄၂ရက်)သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ဗန်းမောက်မြို့ကို စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ ရှမ်းနီတပ်-SNAတို့က ​လေ​ကြောင်း၊ကုန်း​ကြောင်း က​နေအင်အားအများအပြားနဲ့ထိုးစစ်ကြောင့် ဖေဖော်ဝါရီ ၈ ရက်​နေ့မှာ မြို့ပေါ်ကနေ PDF ​တွေနောက်ဆုတ်ပေးခဲ့ရတယ်လို့ ရဲ​ဘော်အချို့က​ပြောပါတယ်။

“အသေခံဒရုန်းတွေနဲ့ လေကြောင်းကနေ နေ့စဥ် တရစပ်နီးပါး ​ဗုံးကြဲတာတွေကြောင့်ပဲ”လို့ ဗန်းမောက်မြို့နယ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆုတ်ခွာရတဲ့ အခြေအနေကို ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုက ဗန်းမောက်မြို့ပြန်ရဖို့အတွက် မြို့အနောက်ခြမ်းက SNAရဲ့ နယ်မြေကနေ အင်အားစုဆောင်းပြီး ပြီးခဲ့နှစ် အောက်တိုဘာကတည်းကထိုးစစ်ဆင်ခဲ့တာပါ။

“စစ်ကြောင်းတစ်ခုအစားထိုးရတဲ့အထိသူတို့(စစ်အုပ်စု)ဘက်က ဖြစ်ခဲ့တယ်။ပြည်သူ့စစ်နဲ့ စစ်မှုထမ်းအင်းအားတွေကြောင့်သာ မသိသာတာ”လို့ မြေပြင်ရဲ​ဘော်တစ်ဦးက ဗန်းမောက်မြို့တိုက်ပွဲမှာကြုံတွေ့ခဲ့ရတာကို ပြောပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကလည်း ဗန်းမောက်မြို့ကို စစ်တပ်နဲ့ရှမ်းနီတပ်​ကထိန်းချုပ်နိုင်ပြီး တပ်သားတွေထိခိုက်သေဆုံးမှုအချို့ရှိတယ်လို့ ​ဖေ​ဖော်ဝါရီ ၈ ရက်ညပိုင်းမှာ သတင်းဖြန့်ချီခဲ့ပါတယ်။

“ကိုယ့်ဘက် အဓိက ပြသနာကတိုက်ပွဲကိုအချိန်ဆွဲတာမကြိုက်ဘူး။ခံစစ်ဆိုတော့ပို ဂရုမစိုက်ဘူးဆိုတဲ့သူများတယ်။အင်းတော်ထိုးစစ် ရှစ်လကြာရင် တောင်ထိုးစစ်အနေအထားအရ အဆင်ပြေခဲ့ကြတယ်။ခံစစ်ကို အားမသာသေးတဲ့ လိုအပ်ချက်”လို့ ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တဲ့ ရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုရဲ့ ဗန်းမောက်မြို့ထိုးစစ်မှာ ရှမ်းနီပြည် သူ့စစ် SNAနဲ့ စစ်တပ်ရဲ့တပ်မ(၃၃)၊ တပ်မ(၇၇) တပ်ရင်းတွေပါတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားပါတယ်။

စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ်ကဗန်းမောက်မြို့ကို NUG ၊ကာကွယ်​ရေးဝန်ကြီးဌာန၊အမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ PDF ​တွေ၊ပကဖ​တွေ ၊​တော်လှန်​ရေးအင်အားစု​တွေက ၂၀၂၅ခုနှစ် စက်တင်ဘာ၂၀ရက်က သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

လတ်တ​လောမှာ စစ်ကိုင်းတိုင်းအထက်ပိုင်းက ထီးချိုင့်၊ ကသာနဲ့ ကောလင်းစတဲ့ မြို့နယ်​တွေမှာလည်း တော်လှန်ရေးတပ်တွေနဲ့ စစ်အုပ်စုကြား တိုက်ပွဲတွေဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

Facebook