Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတိုင်းရှိကျေးရွာများကို စစ်တပ်ကလေယာဉ် ၂စီးဖြင့် ဗုံးပတ်ကြဲ၍ ပြည်သူ ၃ဦးသေဆုံး

တနင်္သာရီတိုင်းရှိ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံနှင့် ရေဖြူမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးပတ်ကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၃ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ကလေးငယ်တဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU

စက်တင်ဘာ-၁၈၊ ၂၀၂၅။ထားမြတ်/People’s Spring

တနင်္သာရီတိုင်းရှိ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံနှင့် ရေဖြူမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးပတ်ကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၃ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

စက်တင်ဘာ ၁၇ရက်ကထားဝယ်မြို့နယ်ရှိပကာရီကျေးရွာ ၊ ပခပ်ကျေးရွာ ၊ ရေဝိုင်းကျေးရွာ၊ သရက်ချောင်းမြို့နယ်ရှိ ကင်းရှေ့ကျေးရွာ ၊ ဥတ္တူကျေးရွာ ၊ စော်ဖျားကျေးရွာ ၊ မဲနယ်အိုး‌ ကျေးရွာ၊ လောင်းလုံမြို့နယ်ရှိ ဝေဒီကျေးရွာ ၊ သပြေရှောင်ကျေးရွာ ၊ ကြက်ယက်တွင်းကျေးရွာ နှင့်ရေဖြူမြို့နယ်ရှိ ကျောက်တွင်းကျေးရွာတိုကို စစ်ကောင်စီက Y12 လေယာဉ် ၂စင်းဖြင့် ၁၂၀ မမ ဗုံးသီးများ ကြဲချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ဗုံးသီးချတိုက်ခိုက်ခဲ့၍ လောင်းလုံးမြိုနယ်၊ ဝေဒီရွာကျေးရွာရှိ အသက်(၆၀)အရွယ် အမျိုးသမီး တဦး၊ ၎င်း၏ သားမီး နှင့်သားမက်ဖြစ်သူတို့ သေဆုံးကာ အသက်(၆၀) အရွယ် အမျိုးသား တဦး၊ အသက် ၁၀နှစ်အောက် ကလေးငယ် ၂ဦးနှင့် အခြား ကလေးငယ် တဦး တို့ ဒဏ်ရာရခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

” တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲတာပေါ့။ ဒါကတော့ လူ့အခွင့်အရေးချိုးဖောက်တာပေါ့။” ဟု ဒေသသတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီတပ်သည် တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများ၌ အထိနာလျက်ရှိရာ ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေခြင်းဖြစ်သည်။

စစ်တပ်က အာဏာရှင်ဆန်ဆန် ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေသလို တဖက်တွင်လည်း စစ်အာဏာရှင်များ သက်ဆိုးရှည်စေရန် ရွေးကောက်ပွဲလုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပူးပေါင်းခြင်းမပြုရန် ဒေသ သတင်းရင်းမြစ်က တိုက်တွန်းသည်။

စစ်ကောင်စီသည် နိုင်ငံတဝန်း ပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ ပြည်သူသေဆုံးထိခိုက်မှုများစွာ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က အောက်တိုဘာနောက်ဆုံးပတ်အတွင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ပြည်သူလူထုနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၉ရက်ညနေပိုင်းနဲ့ ညပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်ခဲ့လို့ အဆောက်အအုံများစွာ ပျက်စီးခဲ့ရကြောင်း မင်းတပ်ဒေသခံက ပြောပါတယ်။