Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတိုင်းရှိကျေးရွာများကို စစ်တပ်ကလေယာဉ် ၂စီးဖြင့် ဗုံးပတ်ကြဲ၍ ပြည်သူ ၃ဦးသေဆုံး

တနင်္သာရီတိုင်းရှိ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံနှင့် ရေဖြူမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးပတ်ကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၃ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သည့် ကလေးငယ်တဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - KNU

စက်တင်ဘာ-၁၈၊ ၂၀၂၅။ထားမြတ်/People’s Spring

တနင်္သာရီတိုင်းရှိ ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံနှင့် ရေဖြူမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးပတ်ကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၃ဦးသေဆုံးကာ ၄ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်း အရုံး(KNU) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်သည်။

စက်တင်ဘာ ၁၇ရက်ကထားဝယ်မြို့နယ်ရှိပကာရီကျေးရွာ ၊ ပခပ်ကျေးရွာ ၊ ရေဝိုင်းကျေးရွာ၊ သရက်ချောင်းမြို့နယ်ရှိ ကင်းရှေ့ကျေးရွာ ၊ ဥတ္တူကျေးရွာ ၊ စော်ဖျားကျေးရွာ ၊ မဲနယ်အိုး‌ ကျေးရွာ၊ လောင်းလုံမြို့နယ်ရှိ ဝေဒီကျေးရွာ ၊ သပြေရှောင်ကျေးရွာ ၊ ကြက်ယက်တွင်းကျေးရွာ နှင့်ရေဖြူမြို့နယ်ရှိ ကျောက်တွင်းကျေးရွာတိုကို စစ်ကောင်စီက Y12 လေယာဉ် ၂စင်းဖြင့် ၁၂၀ မမ ဗုံးသီးများ ကြဲချခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ဗုံးသီးချတိုက်ခိုက်ခဲ့၍ လောင်းလုံးမြိုနယ်၊ ဝေဒီရွာကျေးရွာရှိ အသက်(၆၀)အရွယ် အမျိုးသမီး တဦး၊ ၎င်း၏ သားမီး နှင့်သားမက်ဖြစ်သူတို့ သေဆုံးကာ အသက်(၆၀) အရွယ် အမျိုးသား တဦး၊ အသက် ၁၀နှစ်အောက် ကလေးငယ် ၂ဦးနှင့် အခြား ကလေးငယ် တဦး တို့ ဒဏ်ရာရခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

” တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ပြည်သူလူထုကို ပစ်မှတ်ထားပြီးတော့ လေယာဉ်နဲ့ ဗုံးကြဲတာပေါ့။ ဒါကတော့ လူ့အခွင့်အရေးချိုးဖောက်တာပေါ့။” ဟု ဒေသသတင်းရင်းမြစ်တဦးက ပြောသည်။

စစ်ကောင်စီတပ်သည် တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများ၌ အထိနာလျက်ရှိရာ ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေခြင်းဖြစ်သည်။

စစ်တပ်က အာဏာရှင်ဆန်ဆန် ပြည်သူကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေသလို တဖက်တွင်လည်း စစ်အာဏာရှင်များ သက်ဆိုးရှည်စေရန် ရွေးကောက်ပွဲလုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပူးပေါင်းခြင်းမပြုရန် ဒေသ သတင်းရင်းမြစ်က တိုက်တွန်းသည်။

စစ်ကောင်စီသည် နိုင်ငံတဝန်း ပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ ပြည်သူသေဆုံးထိခိုက်မှုများစွာ ဖြစ်ပေါ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook