စက်တင်ဘာ-၂၀၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကောင်စီ၏လေယာဥ်အသုံးပြုမှုများကို သတင်းပေးပို့ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဒုစစ်ဦးစီးချုပ်မာဝီက တိုက် တွန်းသည်။
လေယာဥ်သတင်းအချက်အလက်များကို ဖော်ပြနေသည့် EAR ၏ t.me/EAR_Info မှတဆင့် သတင်းပေးပို့နိုင်ကြောင်းလည်း မာဝီက စက်တင်ဘာ ၁၉ရက်တွင် မေတ္တာရပ်ခံထားသည်။
“အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကလွဲလို့ ကျန်တဲ့ဟာက ဘာမှ လုပ်မတက်ဘူးဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ဒါကြောင့်မလို့ အခုလက်ရှိဆိုရင် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကိုပဲ အားကိုးပြီးတော့ မှတနိုင်ငံလုံးကို ဗုံးပတ်ကြဲတယ်။တိုက်ခိုက်နေတယ်။သူ့အနေနဲ့စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ်ဘာမှမခွဲ ခြားဘဲအားလုံးကို တသားတည်းသတ်မှတ်ပြီးမှ ကလေးရောအမျိုးသမီး ရော ကျောင်းရော၊ဆေးရုံရော အရပ်ဘက်နေရာတွေအားလုံးကို တိုက်ခိုက်နေတဲ့အခြေအနေမျိုးဖြစ်တယ်”ဟု မာဝီက ပြောသည်။

Public Service Announcement
ထို့ကြောင့် နေ့စဥ် လူပေါင်းများစွာ၏ အသက်နှုတ်ယူနေသည့်အခြေအနေကို ကယ်တင်ရန်လိုပြီး လေယာဥ်ကွင်းများအနီးဝန်းကျင် နေထိုင်သူ များက လေယာဥ်တက်ချိန်ကို သတင်ပေးရန် ၎င်းက ဆိုသည်။
“ဘယ်အချိန်မှာတက်တယ်။ဘာအမျိုးအစား၊ဘယ်ဘက်ကို ဦးတည်တယ်။ဘညအရောင်ဆိုတဲ့ဟာမျိုး ဒီလောက်ဆိုရင်ကို တော်တော်လေးလုံလောက်ပါတယ်။အလုပ်ဖြစ်ပါတယ်”ဟု KNDF ဒုစစ်ဦးစီးချုပ်က ပြောသည်။
လေယာဥ်သတင်းများကို ကြိုရသည့်အခါ ကိုယ့်ကိုကိုယ်အရင် ကာကွယ်လို့ရသည့်အပြင် လေယာဥ်ကို ပစ်ချနိုင်ရန် ပြင်ဆင်ချိန်ပိုရကြောင်း အသိပေးသည်။
“လူထုတစ်ရပ်လုံးကို ဒုက္ခပေးနေတဲ့ မင်းအောင်လှိုင်ရဲ့စစ်တပ်ပိုင်တဲ့လေယာဥ်တွေ၊လေယာဥ်မှူးတွေကို ဒီနည်းနဲ့ဟန့်တားလို့ရတဲ့အခြေအနေဖြစ်ပါတယ်။ဘာလက်နက်ခဲယမ်းမီးကျောက်မှမလိုဘဲ လူပေါင်း များစွာရဲ့အသက်ကိုကာကွယ်လို့ရတဲ့နည်းလမ်းပါ”ဟု မာဝီက တိုက်တွန်းသည်။
စစ်ကောင်စီသည် မိတ္ထီလာရှမ်းတဲလေတပ်နှင့် မိတ္ထီလာ (လမသ)၊ တံတားဦးလေတပ်၊ မကွေးလေတပ်၊ တောင်ငူလေတပ်၊မှော်ဘီလေတပ်၊နေပြည်တော် အေလာလေတပ်စခန်း၊မုံရွာ နမခနှင့် မြိတ်လေတပ် စခန်းတို့ကို အခြေပြုကာ လေကြောင်းတိုက်ခိုက်နေကြောင်း EARက ဖော်ပြထားသည်။
ပြီးခဲ့သည့်သြဂုတ်လအတွင်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် အရပ်သား ၂၅၀ နှင့် ဒဏ်ရာရသူ ၃၄၄ ဦးရှိခဲ့ကြောင်း Myan mar Defense & Security Institute က ထုတ်ပြန်ထားသည်။


















































