Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု ရက် ၁၀၀ စီမံကိန်းအတွင်း လေကြောင်းတိုက်ခိုက်မှု ကလေးငယ် ၄၅ဦး အပါအဝင် ပြည်သူ ၂၇၀ကျော် သေဆုံး

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

(စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ တွေ့ရတဲ့ စစ်လေယာဉ် ၂စီး ပစ်ခတ်နေစဉ်။ ဓာတ်ပုံ - စစ်တပ်)

ဇူလိုင်-၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြည်သူ့အတွက် ခေါင်းဆောင်ကောင်း ဖြစ်ချင်လှချည်ရဲ့ဆိုတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံအဖြစ် တင်မြှောက်ပြီး “ရက် ၁၀၀ စီမံကိန်း” ပုံဖော်နေရာ အခုလက်ရှိ ရက် (၇၀) ကျော် အတွင်းမှာတင် စစ်အုပ်စုဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်ပေါင်း ၁,၀၄၅ မှု အထိ ကျူးလွန်ထားတယ်လို့ ဖော်ပြပါတယ်။

” ဒီဖြစ်စဉ်တွေထဲမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေကို ဒရုန်းနဲ့ လေကြောင်းသုံး စနစ်တကျ ဗုံးကြဲတိုက်ခိုက်မှုတွေအပြင် ပြည်သူလူထုရဲ့ အိုးအိမ်တွေနဲ့ အရပ်ဘက် အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတဲ့ စစ်ရာဇဝတ်မှုတွေ အတိအလင်း ပါဝင်နေတာပါ။” လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာအလယ်မှာ တရားဝင်အစိုးရ ဖြစ်ချင်ပါတယ်ဆိုပြီး “ရက် ၁၀၀ စီမံကိန်း” နဲ့ ပုံရိပ်ဖော်နေတဲ့ အုပ်စုတစုဟာ ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်နေတဲ့အပေါ် လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက မေးခွန်းထုတ်ထားပါတယ်။

“၎င်းတို့ ကြွေးကြော်နေတဲ့ “တည်ငြိမ်ရေး ရက် ၁၀၀”ဆိုတာ… တကယ်တော့ ပြည်သူတွေအတွက် ဘဝပျက်၊ အိုးအိမ်မဲ့ပြီး အသက်ပေါင်းများစွာ စတေးနေရတဲ့ ‘ရက်စက်မှု ရက် ၁၀၀’ သာ ဖြစ်မနေဘူးလား ဆိုတာပါပဲ။ စစ်အုပ်စု တည်ဆောက်မယ့် လွှတ်တော်အတုရဲ့ လမ်းစဟာ ပြည်သူတွေရဲ့ သွေး၊ ချွေး၊ အရိုးစုတွေနဲ့ မီးလောင်ပြာကျသွားတဲ့ အိမ်ခြေတွေအပေါ်မှာပဲ အခြေခံထားတာ ဖြစ်ပါတယ်” လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဝန်ကြီးဌာနက ပြုစုထားတဲ့ စာရင်းတွေအရ ဧပြီ ၂၀ရက်ကနေ ဇွန် ၃၀ရက်အထိ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို အသိပေးထားရာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀မှုရှိပြီး သေဆုံးသူ ၁၆၂ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဆိုရာမှာ စစ်တပ်ကျူးလွန်တဲ့ ဖြစ်စဉ်တခုမှာ ၅ဦးနဲ့အထက် တပြိုင်တည်း သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေကို စုစည်းထားတာဖြစ်ပါတယ်။

စစ်တပ် လေကြောင်းတိုက်ခိုက်မှု ၁၁၄၇ ကြိမ်ပြုလုပ်ခဲ့ရာ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၇၇ ဦးသေဆုံးခဲ့ရတယ်လို့ အသိပေးပါတယ်။ သေဆုံးသူ ၂၇၇ ဦးထဲမှာ အသက် ၁၈နှစ်အောက် ကလေး ၄၅ ဦးပါဝင်ကြောင်း ဖော်ပြပါတယ်။ ဒါ့အပြင် ကလေးငယ် ၄၆ဦး အပါအဝင် ပြည်သူ ၄၃၁ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်အဆောက်အအုံပျက်စီးမှုတွေရှိခဲ့ရာ ထိခိုက်ပျက်စီးခဲ့တဲ့ နေအိမ် ကျောင်း၊ ကျန်းမာရေးအဆောက်အုံ ဘာသာရေးအဆောက်အအုံ စုစုပေါင်း ၆၅၀ ကျော် ရှိပါတယ်။

” အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဝေဟင်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်သွားဖို့ လိုပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အကြမ်းဖက်စစ်အုပ်စု ဆီ စီးဆင်းနေတဲ့ ဂျက်လေယာဉ်ဆီ (Aviation Fuel) ထောက်ပံ့ရေးလမ်းကြောင်းတွေ နဲ့ ဘဏ္ဍာရေးအရင်းအမြစ်တွေကို အချိန်မဆွဲဘဲ ထိရောက်ပြတ်သားစွာ ပိတ်ဆို့အရေးယူပေးဖို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထပ်မံတောင်းဆိုလိုက်ပါတယ်”လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တက္ကသိုလ်ထဲက အနီရောင်စိန်ပန်းပင်တွေကို ဖယ်ရှားဖို့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်ကြောင့် စည်ပင်ဌာနနဲ့တက္ကသိုလ်ဝန်ထမ်းတွေပေါင်းပြီး အပင်ရင်းကနေခုတ်လှဲ​နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းရေဦးမြို့မှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ယမန်နေ့(ဇွန်လ ၂၇ရက်) ညနက်ပိုင်းမှာ စစ်အုပ်စုက ဘူဒိုဇာနဲ့ထိုးပြီး ဖြိုချဖျက်ဆီးသွားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် (၈၁)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူမဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက် ဖြတ်သန်းနေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အုပ်စုရဲ့ ရက်စက်မှု၊ အခြေခံ လူ့အခွင့်အရေးအပေါ် ကြီးလေးစွာ ချိုးဖောက်နေမှုကို အထင်အရှား...