Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမှာ ဝက်စာရှာထွက်တဲ့ မြေးအဘိုးသုံဦး ပစ်ခတ်ခံရလို့ ၂ ဦးသေ၊တစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝက်စာရှာထွက်တဲ့မြေးအဘိုး၃ဦးကို စစ်တပ်က ပစ်သတ်လို့ ၂ ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း လမ်းပိုင်းတစ်ခုမှာစခန်းချဖို့ ပြင်ဆင်​နေကြတဲ့စစ်သား​တွေ။ ဓါတ်ပုံ-စစ်​ကောင်စီ

စက်တင်ဘာ-၂၀၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝက်စာရှာထွက်တဲ့မြေးအဘိုး၃ဦးကို စစ်တပ်က ပစ်သတ်လို့ ၂ ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာ ၁၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က ဆားလင်းကြီးမြို့ပေါ်၊ မီးသတ်ရုံးအနီးမှာ စစ်တပ်က သေနတ်နဲ့ပစ်ခတ်လို့ ပြည်သူ ၂ ဦးသေဆုံးပြီး တစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

ပစ်ခတ်ခံရသူတွေဟာညောင်ပင်ကြီးရွာနား၊ သိမ်တော်ရွာကဖြစ်ပြီး အဘိုးဖြစ်သူ ဦးဘဌေးနဲ့ သူ့မြေးတဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။ကျန်မြေးတဦးလည်း ခြေ​ထောက်ပြတ်သွားကြောင်း ဒေသခံများက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မြေးဖိုးသုံးယောက် မြို့ပေါ်ကနေ ဆားခါးသွားတာ။ ခွေးကင်းပတ်တာနဲ့တွေ့တာ။ရပ်ကွက်ထဲကတော့ဝက်စာ အစာရှာထွက်တာလို့ပြောကြတယ်။”လို့ ဒေသခံတဦးက ပြောပါတယ်။

ကင်းပုန်းတွေရှိနေလို့ သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို ညနေပိုင်းအထိ ကောက်ယူနိုင်ခြင်းမရှိသေးဘူးလို့ Monywa Roads Information အဖွဲ့က ဆိုပါတယ်။

ချင်းတွင်းမြစ်တဖက်ကမ်းကမုံရွာမြို့နယ်မှာလည်းစက်တင်ဘာ ၁၅ ရက်နဲ့ ၁၇ ရက်​နေ့​တွေမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူ ၁ ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။