Connect with us

Hi, what are you looking for?

သတင်း

ကနီ ချောင်းမရွာတိုက်ပွဲ PDFသင်တန်းနည်းပြများပါ ဝင်တိုက်၊ စစ်ကောင်စီတပ် ၉ဦးသေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမကျေးရွာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာန သင်တန်းနည်းပြဆရာများ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ၉ဦးသေဆုံးကာ စစ်သုံ့ပန်း ၄ဦးဖမ်းမိခဲ့သည်ဟု PDF ယင်းမာပင်ခရိုင်လေ့ကျင့်ရေးဌာနက ယနေ့ (စက်တင်ဘာ ၂၀ရက်) သတင်းထုတ်ပြန်သည်။

ကနီမြို့နယ် ချောင်းမကျေးရွာတိုက်ပွဲအတွင်း မြင်ကွင်းများ။ ဓာတ်ပုံ − ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာန

“စစ်တိုက်နိုင်တဲ့ အင်အားရှိပါလျက်နဲ့ စစ်တိုက်နိုင်တဲ့ ယန္တရားမလည်ပတ်နိုင်တာဟာ ကျနော်တို့ လေ့ကျင့်ရေးဌာန အနေနဲ့လည်း တာဝန်မကင်းတာဖြစ်လို့ အခုလိုလုပ်ဆောင်တာ ဖြစ်တယ်”

— ယင်းမာပင်ခရိုင်လေ့ကျင့်ရေးဌာန တာဝန်ရှိသူ

စက်တင်ဘာ−၂၀၊ ၂၀၂၅။ ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမကျေးရွာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာန သင်တန်းနည်းပြဆရာများ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ် ၉ဦးသေဆုံးကာ စစ်သုံ့ပန်း ၄ဦးဖမ်းမိခဲ့သည်ဟု PDF ယင်းမာပင်ခရိုင်လေ့ကျင့်ရေးဌာနက ယနေ့ (စက်တင်ဘာ ၂၀ရက်) သတင်းထုတ်ပြန်သည်။

ကနီမြို့နယ် ချောင်းမကျေးရွာတွင် စက်တင်ဘာ ၁၁ရက်က စစ်ကောင်စီတပ်နင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“စစ်ရေး အခြေအနေအရရော နောက် ယင်းမာပင်ခရိုင် အနေနဲ့ တပ်ရင်း တပ်ဖွဲ့ ဖောင်းပွမှု အပေါ်မှာ အခြေခံပြီး မြေပြင် လက်တွေ့ စစ်ရေးမှာ ထောက်ပြစရာတွေကို လက်တွေ့လုပ်ကိုင်ပြီး ပြချင်တဲ့ သဘောနဲ့ ပါဝင်ဖြစ်ခဲ့တာပါ” ဟု ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာန တာဝန်ရှိသူ တဦးက သင်တန်းနည်းပြများ တိုက်ပွဲ၌ ပါဝင်ခဲ့မှု အခြေအနေကို ပြောသည်။

Public Service Announcement

Public Service Announcement

ဒေသတွင်းရှိတပ်ဖွဲ့များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိနေကြသည် ဆိုသော်ငြားလည်း စစ်ရေးကိစ္စများ လုပ်ဆောင်ရာတွင် ထောက်ပြစရာများ ရှိနေသည်ကို မြေပြင် ရဲဘော်များ အသိဖြစ်ကြောင်း ၎င်းက ဆိုသည်။

“စစ်တိုက်နိုင်တဲ့ အင်အားရှိပါလျက်နဲ့ စစ်တိုက်နိုင်တဲ့ ယန္တရား မလည်ပတ်နိုင်တာဟာ ကျနော်တို့ လေ့ကျင့်ရေးဌာန အနေနဲ့လည်း တာဝန်မကင်းတာဖြစ်လို့ အခုလိုလုပ်ဆောင်တာ ဖြစ်တယ်။ ဒါကြောင့် မြေပြင်မှာ အောင်ပွဲ ဆက်တိုက်ပေါ်ပေါက်ရေး အတွက် အစွမ်းကုန် လုပ်ဆောင်နေရခြင်းဖြစ်တယ်”ဟု ယင်းမာပင်ခရိုင် လေ့ကျင့်ရေးဌာန တာဝန်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၉ဦးသေဆုံးကာ စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်အချို့ ၊ စစ်သုံးပစ္စည်းများနှင့် တပ်ကြပ်ကြီး ၂ဦးနှင့် ဒုတပ်ကြပ်အပါအဝင် စစ်ကောင်စီတပ်သား ၄ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိသိမ်းဆည်းရရှိခဲ့ဟု အသိပေးသည်။

အင်အားရာချီသည့် စစ်ကောင်စီတပ်သည် စက်တင်ဘာ ၃ရက်တွင် ဘန့်ဘွေးပျူစောထီးကျေးရွာက ထွက်လာခြင်းဖြစ်ပြီး အဆိုပါ စစ်ကြောင်းသည် ယင်းမာပင်မြိုနယ်နှင့်ကနီမြို့နယ်အစပ်ရှိ တရော်ကျင်းရွာ ၊ ချင်းတောင်ရွာကတဆင့် မုံရွာ – ယာကြီး လမ်းပေါ်ရှိ ချောင်းမကျေးရွာကို ဝင်ရောက်ကာ ပြည်သူများ၏ နေအိမ်၊ဆိုင်ခန်းများအား မီးရှို့ဖျက်ဆီးခဲ့ပြီး ချောင်းမရွာ၌ တပတ်ခန့် တပ်စွဲထားစဉ် PDF ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူပေးတိုက်ခိုက်ခဲ့၍ အရပ်သား ပြည်သူများ သေဆုံးမှုရှိသည့်အပြင် လေကြောင်းတိုက်ခိုက်မှုတွင်လည်း Union Liberation Front (ULF) မှ စစ်ကြောင်းမှုး ကျဆုံးခဲ့ရဟု အသိပေးသည်။ အဆိုပါ တိုက်ပွဲတွင် PDF ရဲဘော် ၂ဦးလည်း ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ် အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၈)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြိုလှုပ်ရှားမှုတွေကို ဒီကနေ့ (သြဂုတ် ၆) ပြုလုပ်ခဲ့ပါတယ်။