Connect with us

Hi, what are you looking for?

သတင်း

ကလေး၀ ဆင်အိုင်မရွာအနီးတိုက်ပွဲ ပျူစောထီး ၁ဦးဖမ်းမိ၊ လက်နက်သိမ်းရဟု စစ်ဒေသ(၁)ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးဝမြိုနယ်၊ ဆင်အိုင်မကျေးရွာအနီးတိုက်ပွဲအတွင်း ပျူစောထီး ၁ဦး လက်နက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်သည်။

ကလေးဝမြိုနယ်၊ ဆင်အိုင်မကျေးရွာအနီးတိုက်ပွဲအတွင်း ဖမ်းမိသော ပျူစောထီး ၁ဦး။ ဓာတ်ပုံ − အမှတ်-၁ စစ်ဒေသ

စက်တင်ဘာ−၂၀၊ ၂၀၂၅။ ထားမြတ်/People’ Spring

စစ်ကိုင်းတိုင်း၊ ကလေးဝမြိုနယ်၊ ဆင်အိုင်မကျေးရွာအနီးတိုက်ပွဲအတွင်း ပျူစောထီး ၁ဦး လက်နက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်သည်။

အောင်ချမ်းသာ(ပျူ)ရွာစခန်းနှင့် ဆင်အိုင်မ(ပျူ)ရွာမှ ရိက္ခာရှာထွက်လာသော ပျူစောထီး ပူးပေါင်းအင်အား (၄၀) ခန့်အား စက်တင်ဘာ ၁၇ရက်တွင် ဆင်အိုင်မကျေးရွာအနီး၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၃)ဦး ထိခိုက်ဒဏ်ရာရပြီး ပျူစောထီးအဖွဲဝင် ၁ဦး ဖမ်းမိကြောင်း၊ BA-63 သေနတ် (၁) လက်၊ ကျည်ဘောက် (၁) ခုနှင့် ကျည် ၂၅ တောင့် သိမ်းရခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို ကလေးခရိုင် အမှတ် (၅) တပ်ရင်း၏ တပ်ရင်းမှူး ညွှန်ကြားမှုဖြင့် ကလေးခရိုင် အမှတ် (၅၊ ၉) နှင့် ကလေးဝမြိုနယ် ပကဖ၊ မင်းကင်းမြိုနယ် ပကဖ တို့ ပူးပေါင်း ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။