■အင်အား ၄၀၀ ခန့်ရှိ စစ်တပ်နှင့် SNA တပ်စွဲရာ စခန်းကြီးငယ် ၁၈ ခုသိမ်းပိုက်၊SNAအရာရှိ အပါအဝင်အလောင်း ၇လောင်းနှင့်လက်နက်ခဲယမ်းများသိမ်းရ၊ တော်လှန်ရေးရဲဘော် ၆ ဦးကျဆုံး
စက်တင်ဘာ-၂၂၊၂၀၂၅။ထားမြတ်/People’s Spring
စစ်ကိုင်းတိုင်း၊ကသာခရိုင်၊ဗန်းမောက်မြိုအား စက်တင်ဘာ၂၀ ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ၊အမှတ်(၁) စစ်ဒေသက ယနေ့ ကြေညာသည်။
စက်တင်ဘာလ (၁၅) ရက်မှစတင်ထိုးစစ်ဆင်ခဲ့ရာ စက်တင်ဘာလ (၂၀) ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ဟု အသိပေးပြီး စစ်ကောင်စီ လက်အောက်ခံ SNA အရာရှိ အပါအဝင်ရန်သူ သေဆုံးမှု လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှုများရှိခဲ့ဟု ဖော်ပြသည်။

Public Service Announcement
ဗန်းမောက်မြိုသိမ်းတိုက်ပွဲတွင် ရဉ်ထွန်း (ဗျူဟာမှူး) ဦးစီး SNA တပ်မဟာ (၆၁၄၊ ၉၇၂)၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀၀) ခန့် အခြေချနေထိုင်သော မြစ်သေးချင်းရွာ ကာကင်းကုန်း၊ မြစ်သေးချင်းရွာ၊ တာဝါတိုင်ကုန်း၊ အောင်ကမ္ဘာသိန်း KTV၊ ကျွဲကောကုန်းရွာ၊ မြစ်သေးချင်းရွာ ဘုန်းကြီးကျောင်း၊ ဒန်ဘို ဆီဆိုင်၊ ဘန်ဂလိုကုန်း၊ နားယကာရွာ၊ စက်တောရွာ၊ ကျွန်းတောင်စခန်းကုန်း၊ ဗန်းမောက်မြို ဗျူဟာကုန်း၊ အောင်သာကုန်းရွာစခန်းကုန်း၊ လွှစင်ကုန်း ဘုန်းကြီးကျောင်း၊ ဗန်းမောက်မြိုမစာသင်ကျောင်း၊ ဗန်းမောက်မြို့ ရဲစခန်း၊ မြနန္ဒာဘုန်းကြီးကျောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတတ်ရေး သင်တန်းကျောင်း (နသလ) အား တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ထိုအပြင် ကြောင်လည်ရွာ စခန်းကုန်းမှ ဗန်းမောက်မြိုသို စစ်ကူလာသော ကား (၁) စီးပါ ရန်သူ့စစ်ကြောင်းအားလည်း ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့ပြီး ကားအား မီးရှိုဖျက်ဆီးနိုင်ခဲ့ဟုအသိပေးသည်။
မြို့သိမ်းတိုက်ပွဲအတွင်း ရန်သူ့ထံမှ G-3 (၂) လက်၊ Uzi (၁) လက်၊ AK (၁) လက်၊ ကျည်မျိုးစုံ (၁၂၈၇၆) တောင့်၊ ၁၂၀ မမ ဗုံးသီး (၂၈) လုံး၊ ၈၁ မမ ဗုံးသီး (၇) လုံး၊ ၆၀ မမ ဗုံးသီး (၁၄) လုံး၊ ဒရုန်းဗုံးသီးမျိုးစုံ (၁၀၀) လုံး၊ RPG (၁) လုံး၊ မျက်ရည်ယို ဗုံးသီး (၈၃) လုံး၊ 9Volt ကျည် (၇၀၂) တောင့်၊ အီနာဂါဗုံးသီး (၅၁) လုံး၊ နင်းမိုင်း (၃) လုံး၊ တိုက်မိုင်းမျိုးစုံ (၂၀) လုံး၊ ဖိုက်ဘာမိုင်း (၇) လုံး၊ ၉ မမ ကာဘိုင်ကျည် (၁၀) တောင့်၊ ကျည်အိမ်မျိုးစုံ (၂၉) ခုနှင့် အခြားဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ဟု ထုတ်ပြန်သည်။
ရန်သူ့ဘက်မှ SNA ဗိုလ် (၁) ဦးအပါ အလောင်း (၇) လောင်းအား ရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် (၆) ဦး မြင့်မြတ်စွာ ကျဆုံးကာ အချို့ ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။
တိုက်ပွဲအတွင်း ရန်သူ့ဘက်မှ ဂျက်တိုက်လေယာဉ်များဖြင့် (၁၀) ကြိမ် ဗုံးကြဲ တိုက်ခိုက်ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများလည်း ပြုလုပ်ခဲ့သည်။
မြို့သိမ်း စစ်ဆင်ရေးကို အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုဖြင့် အမှတ် (၁) စစ်ဒေသ စစ်ဆင်ရေးမှူးနှင့် ကသာခရိုင် ကွပ်ကဲရေးမှူး ဦးစီး ကသာခရိုင် အမှတ် (၂၊ ၄၊ ၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၁၊ ၃) တပ်ရင်း ထုတ်နုတ်အဖွဲ၊ ကသာခရိုင် ပကဖ လှုပ်ရှားအဖွဲ၊ ပကဖ (ဗန်းမောက်မြိုနယ်၊ ထီးချိုင့်မြိုနယ်၊ ကသာမြိုနယ်)၊ အမှတ် (၁) စစ်ဒေသမှ NCO သင်တန်းဆင်း စစ်ကြောင်း (၁၊ ၂)၊ အထူးလှုပ်ရှား တပ်ရင်းများ၊ အမှတ် (၁) လက်နက်ကြီး တပ်ရင်း၊ ကသာခရိုင် လက်နက်ကြီးအဖွဲ၊ ဒရုန်းအဖွဲများ (ကသာခရိုင် တပ်ရင်း-၂၊ ကသာခရိုင် တပ်ရင်း-၄၊ MOD၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင် ပကဖ) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
လက်ရှိတွင်ဗန်းမောက်မြိုဝန်းကျင်မှ ရန်သူများသည် ရွှေချောင်းရွာ၊ ပင်းဟင်းခါးရွာနှင့် သာယာကုန်းရွာတို့တွင် ကာကင်းထိုင်ထားပြီး အများစုမှာ ဗန်းမောက်မြိုနယ် မြောက်ဘက်ခြမ်းရှိ မံကုန်းရွာနှင့် အနောက်တောရွာသို ဆုတ်ခွာပူးပေါင်းသွားကြောင်းအသိပေးသည်။
တော်လှန်ရေးတပ်များက ဗန်းမောက်မြို့ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သဖြင့် စစ်ကိုင်းတိုင်းတွင်တော်လှန်ရေးတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသော မြို့ပေါင်း ၇ မြို့ဖြစ်လာသည်။ ခမ်းပါတ် ၊ရွှေပြည်အေး ၊မြို့သစ် ၊ ပင်လယ်ဘူး ၊မော်လူး ၊အင်းတော် မြို့ နှင့် ဗန်းမောက်မြို့တို့ဖြစ်သည်။


























































