Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ် ကျီစုရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု လူထိခိုက်သေဆုံးမှုရှိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကျီစုကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ် ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူအဖွဲ့က ပြောပါတယ်။

ကန့်ဘလူမြို့နယ် ကျီစုရွာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စက်တင်ဘာ-၂၂၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကျီစုကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့လို့ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံသတင်းရင်းမြစ် ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူအဖွဲ့က ပြောပါတယ်။

ဒီကနေ့(စက်တင်ဘာ ၂၂ ရက်) နံနက် ၁နာရီခွဲဝန်းကျင်က ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၇ရက်ကလည်း ဇီးကုန်းမြို့ရဲစခန်းကို သိမ်းပိုက်ခံရပြီးနောက် ကျွန်းစုရွာကို စစ်ကောင်စီက တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ဘာတိုက်ပွဲမှမရှိဘူး။ဇီးကုန်းကို တိုက်ခံရလို့ အရပ်သားတွေကို ပစ်မှတ်ထားပြီး သူတို့လုပ်နေကြအတိုင်းပေါ့”လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက် ၅၅နှစ်အရွယ် ဒေါ်သန်းအေး သေဆုံးခဲ့ပြီး အရပ်သား ၁၇ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ်နှစ်လုံးနဲ့ စာသင်ဆောင်များ ပျက်ဆီးခဲ့တယ်လို့ အသိပေးပါတယ်။

“ဖိုက်တာပစ်တဲ့အချိန်က တကယ့်အိပ်မောကျနေတဲ့အချိန်ကြီးဗျ၊ပထမတစ်လုံးချတာက မနက် ၁ နာရီ ၂၅ မိနစ်၊နောက်တစ်လုံးက ၁ နာရီ ၂၈ မိနစ်၊ကံကောင်းတာက ပထမတစ်လုံးကျတာ လူသိပ်မရှိတဲ့ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်း (မြောက်) ကျောင်းကြား၊နောက်တစ်လုံးက ဘုန်းကြီးကျောင်း (တောင်)ကျောင်းနဲ့ လူနေအိမ်ကြားကျတာမို့ သေဆုံးနည်းတာဗျ၊ဟိုလိုဆို မလွယ်လောက်ဘူး။ ဒေါ်သန်းအေးကတော့ ကံဆိုးသွားတာပေါ့ဗျာ၊ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူ ၁၇ ယောက်မှာ ၅ ယောက်ကထိခိုက်မှုပြင်းထန်တယ်၊အသက်အန္တရာယ်စိုးရိမ်ရတယ်”လို့ ကျီစုရွာခံတစ်ဦးက ပြောပါတယ်။

ကျီစုရွာဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြင် အရင်ကလည်း တရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံထားရပါတယ်။

ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူအဖွဲ့ရဲ့ စာရင်းတွေအရ အိမ်ခြေ ၉၀၀ ဝန်းကျင်ရှိတဲ့ ကျီစုရွာကို စစ်ကောင်စီက ၂၀၂၂ခုနှစ် ၇ လပိုင်းနဲ့ ၁၁ လပိုင်းတို့မှာ နှစ်ကြိမ်တိုင် စစ်ကြောင်းထိုးမီးရှို့ထားတယ်လို့ ဖော်ပြပါတယ်။

အိမ်ခြေ (၇၀၀)ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပြီး တစ်ရွာလုံးနီးပါး အိုးအိမ်မဲ့ကာ စစ်ဘေးရှောင်ခဲ့ရပြီး ယမန်နှစ်က တနိုင်တပိုင် အိမ်များဆောက်ပြီး ကျေးရွာအတွင်း ပြန်လည်နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။

ဇီးကုန်းရဲစခန်းအသိမ်းခံရပြီးနောက် ပြည်သူတွေကို ပစ်မှတ်ထားဖမ်း​ဆီးတာ ၊နယ်မြေရှင်းလင်းတာတွေကို စစ်ကောင်စီက အင်တိုက်အားတိုက် ပြုလုပ်လာနိုင်တာကြောင့် စစ်ရေးသတင်းတွေ နားစွင့်ပြီး သတိထားသွားလာကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်တပ်နဲ့ ပျူစောထီးတွေထံ မူးယစ်ဆေးသွားရောင်းမယ့် အမျိုးသား ၂ ဦးကို ဆေးပြားတွေနဲ့အတူ ကန့်ဘလူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က ဖမ်းဆီးလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။