Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်ထိုးစစ် ခုခံကာကွယ်နေတဲ့ရဲဘော်တွေနဲ့ KNDF စစ်ရေးချုပ် တွေ့ဆုံ

စစ်ကောင်စီတပ်ထိုးစစ် ခုခံကာကွယ်နေတဲ့ရဲဘော်တွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) စစ်ရေးချုပ် ခူးရီးဒူက တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီတပ်ထိုးစစ် ခုခံကာကွယ်နေတဲ့ရဲဘော်တွေနဲ့ KNDFစစ်ရေးချုပ် တွေ့ဆုံနေစဉ်။ဓာတ်ပုံ −Karenni Nationalities Defense Force B - 05

◾️နွေဦးတော်လှန်ရေးမှာ လူထုကတာဝန်အကျေဆုံးလို့ KNDF စစ်ရေးချုပ်

စက်တင်ဘာ-၂၂၊ ၂၀၂၅။ရဲခေါင်/People’s Spring

စစ်ကောင်စီတပ်ထိုးစစ် ခုခံကာကွယ်နေတဲ့ရဲဘော်တွေကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) စစ်ရေးချုပ် ခူးရီးဒူက တွေ့ဆုံခဲ့ပါတယ်။

KNDF တပ်ရင်းအမှတ်(၅) ရဲဘော်တွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး တိုက်ပွဲအခြေအနေ စစ်ဆင်ရေးလက်ရှိအခြေအနေတွေ၊ လိုအပ်ချက်တွေ၊ နေ့စဉ်အသုံး အဆောင်တွေနဲ့ စစ်ရေးဆိုင်ရာလိုအပ်ချက်တွေ တချို့ကို ဆွေးနွေးခဲ့တာလို့ တပ်ရင်းအမှတ်(၅)က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ထိုးစစ် ခုခံကာကွယ်နေတဲ့ရဲဘော်တွေနဲ့ KNDFစစ်ရေးချုပ် တွေ့ဆုံနေစဉ်။ဓာတ်ပုံ −Karenni Nationalities Defense Force B – 05

“တပ်ရင်း(၅)က KNDFရဲ့ ဗျူဟာ အမှတ် ၆ ထဲမှာပါသလို ဗျူဟာ ၆ကလည်း စစ်ရေးချုပ်ဦးစီးခဲ့တဲ့ ဗျူဟာ ဖြစ်တယ်။နောက်ပြီး လက်ရှိ ဒီး​​​​မော့ဆို ၊ဖရူဆို ၊ ဘောလခဲမှာ စကစရဲ့ ထိုးစစ်ကို ရင်ဆိုင်နေရတယ်”လို့ KNDF ရဲဘော်တဦးက ပြောပါတယ်။

စစ်ကောင်စီထိုးစစ်ကြောင့် အဖက်ဖက်က ခုခံကာကွယ်နေရပြီး နေစဉ်နဲ့ အမျှ တိုက်ပွဲတွေဖြစ်နေကာရဲဘော်တွေလည်း အစွမ်းကုန် ကြိုးပမ်းခုခံကာကွယ်နေရလို့ ခက်ခဲပင်ပန်းမှုတွေ ကြုံတွေ့နေရတယ်လို့ တပ်ရင်း(၅)က ဆိုပါတယ်။

“ဖရူဆိုကနေ ဘောလခဲအထိ စစ်ကောင်စီက ထိုးစစ်ဆင်ဖို့ ကြိုးစားနေသလို ဒီးမော့ဆိုမှာလည်း တိုက်ပွဲ တွေရှိနေတယ်။ဒီးမော့ဆို ဖရူဆိုနဲ့ ဘောလခဲ စစ်ရေးခွင်က ခူးရီးဒူရဲ့အောင်မြေဖြစ်တယ်။ဒါကြောင့်လည်း သူကိုယ်တိုင်အခု ရဲဘော်တွေကို စိတ်ဓာတ်ရေးရာအရ၊စစ်ရေးအရ ​သူဦးစီးဖို့ ဖြစ်လာနိုင်တယ်”လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တိုက်ခိုက်ရေးရဲဘော်ရဲဘက် သူရဲကောင်းတွေရဲ့ ကြိုးစားအားထုတ်မှုကို လေးစားဂုဏ်ယူကြောင်းနဲ့ စစ်ဆင်ရေးမှာ မမေ့မလျော့ဆက်လက်တာဝန်ထမ်းဖို့ ခူးရီးဒူက တိုက်တွန်းခဲ့တယ်လို့ KNDF တပ်ရင်း ၅ က သီးခြားထုတ်ပြန်ထားပါတယ်။

ခူးရီးဒူဟာ စစ်ကောင်စီတပ်ရင်း သုံးခုထက်မနည်း ထိခိုက်သေဆုံးခဲ့ရတဲ့ ဒေါတမကြီးတိုက်ပွဲအပါအဝင် ကရင်နီစခန်းသိမ်းတိုက်ပွဲတွေမှာ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

လက်ရှိ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ မေလ ၃၁ရက်က စတင်ဖွဲ့စည်းခဲ့တဲ့ KNDFဟာ လက်ရှိမှာတပ်ရင်း ၃၅ရင်းအထိ ရှိပါတယ်။

ယမန်နှစ်ကတည်းက KNDFဟာ တပ်ဖွဲ့ဝင် အင်အား ၁၀,၀၀၀ နဲ့ အထက်ရှိကြောင်းလည်း စစ်ရေးချုပ် ခူးရီးဒူက ပြောထားပါတယ်။

နွေဦးတော်လှန်ရေးမှာ လူထုက တာဝန်အကျေဆုံးလို့ KNDF စစ်ရေးချုပ် ခူးရီးဒူက ပြောပါတယ်။

စစ်ရေးချုပ်က ရဲဘော်၊ရဲမေတွေနဲ့ တွေ့ဆုံစဥ် အထက်ပါအကြောင်းအရာကို ညွှန်ကြားချက်ပေးခဲ့တာ လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊တပ်ရင်း အမှတ် – ၆ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

“တာဝန်အကျေဆုံးက လူထုပဲ၊မင်းဘယ်ရှုထောင့်ကနေပဲတွေးတွေး လူထုက တာဝန်အကျေဆုံးပဲ၊သူ့မှာ ငါးရာ ရှိရင်သုံးရာငါတို့ကိုပေးတယ်။တစ်သိန်းရှိရင်ငါးသောင်းထည့်တယ်။တချို့သောလူထုဆိုရင် တစ်သိန်းထည့်တယ်။တချို့မထည့်နိုင်တဲ့လူထုဆိုရင် လုပ်အားစိုက်တယ်။ကျွေးတယ်၊မွေးတယ်။လူထုထက်တာဝန်ကျေတဲ့သူ ဘယ်သူမှမရှိဘူး၊သူတို့ကို ညှာတာပါ ကိုယ်ချင်းစာပါ မင်းတို့ငါတို့”လို့ ခူးရီးဒူက ပြောပါတယ်။

နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုရဲ့အားက အဓိကဖြစ်ပြီး ပြည်သူလူထုထောက်ခံမှုမရှိိတဲ့ ဘယ်ကိစ္စရပ်များမဆို အောင်မြင်မှုမရှိနိုင်ဘူးလို့ သူက သတိပေးပါတယ်။

ပြည်သူလူထုရဲ့ အားပေးမှုထောက်ခံမှုတွေ လျှော့ကျသွားရင် နွေဦးတော်လှန်ရေးကလည်း အောင်မြင်မှုရှိနိုင်မှာ မဟုတ်ဘဲတပ်ရင်းတပ်ဖွဲ့အသီးသီးမှာ တာဝန်​ထမ်းဆောင်နေကြတဲ့ ရဲဘော်ရဲဘက်တွေပြည်သူ့အပေါ် သစ္စာရှိိတဲ့ နိုင်ငံသားကောင်းတွေ ဖြစ်ကြဖို့လိုတယ်လို့ စစ်ရေးချုပ်က တိုက်တွန်းပါတယ်။

“ဆရာရီးဒူပြောတဲ့စကား အားရတယ်။တကယ်လည်းဟုတ်တာကို။ ပြတ်ပြတ်သားသားသမားက ပြတ်ပြတ်သားသားပဲ ပြောတတ်တယ်”လို့ KNDF ရဲဘော်တဦးက ပြောပါတယ်။

တပ်သားတွေက အရပ်သားမဟုတ်တဲ့အတွက် ယူနီဖောင်းအပြည့်အစုံ ဘက်တံဆိပ်အပြည့် အစုံပါဝင်မှ ကရင်နီ အမျိုးသားအလံတော်ကို အလေးပြုဖို့ သင့်လျော်ပြီး စည်းကမ်းသေဝပ်တဲ့ တပ်သားတွေဟာ တပ်စည်းကမ်းအတိုင်း ဆံပင်ပုံစံတွေကို ပြင်ဆင်သင့်တယ်လို့လည်း ခူးရီးဒူက စစ်ရေးစည်းကမ်းချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ရဲဘော်တွေနဲ့ တွေ့ဆုံစဥ် ကရင်နီပြည်အကောင်အထည်ဖော်မယ့် United Karenni State Army(UKSA) ရှေ့လုပ်ငန်းစဥ်တွေ နဲ့ လေးနှစ်တာ တော်လှန်တိုက်ပွဲဝင်ကြတဲ့ ရဲဘော်တွေ အကျိုးခံစားခွင့်ကို ဆွေးနွေးခဲ့တယ်လို့ KNDF တပ်ရင်း ၆ က ဖော်ပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook