စက်တင်ဘာ−၂၄၊ ၂၀၂၅။နေ့သစ်/People’s Spring
ကချင်ပြည်နယ်၊ဆော့လော်မြို့နယ်၊လန်ဆယ်ဒေသတိုက်ပွဲမှာ KIA ကဖမ်းမိခဲ့တဲ့စစ်သုံ့ပန်းတဦးက ရှေ့တန်းမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို စစ်တပ်က မူးယစ်ဆေးဝါးတွေကြွေးပြီး စစ်တိုက်ခိုင်းနေကြောင်း ပြောဆိုပါတယ် ။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဟာ စက်တင်ဘာ ၁၉ရက်မှာ KIA သိမ်းထားတဲ့ လန်ဆယ်ဒေသကို ပြန်လည်ရယူနိုင်ရေး ထိုးစစ်ဆင်ခဲ့ရာ ၅ရက်ဆက်တိုက်ပွဲတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။
စစ်တပ် နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေကအင်အားအများအပြားနဲ့ထိုးစစ်ဆင်ခဲ့ကြောင့် စက်တင်ဘာ ၂၁ ရက်မှာ KIA ကာကင်းစခန်းကုန်းတစ်ခုကိုလက်လွတ်ခဲ့ရပါတယ် ။စက်တင်ဘာ ၂၁ ရက်မှာတော့ KIA က တန်ပြန်ထိုးစစ်ဆင်တာမှာ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် သေဆုံး ဒဏ်ရာရသူများပြားပြီး ကာကင်းကုန်းကိုပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

Public Service Announcement
ဒါအပြင် စစ်သုံ့ပန်းအချို့ ကိုဖမ်းမိသလို လက်နက်ခဲယမ်းအချို့ ကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း ၁ ဦးက တိုက်ပွဲမှာ ထမင်းမစားရတာ ၄ ရက်ရှိနေပြီဖြစ်ပြီး စစ်သားတွေက ပြည်သူ့စစ်တွေကို မူးသစ်ဆေးပြားတွေကြွေးပြီးတိုက်ခိုင်းတယ်လို့ ပြောပါတယ်။
ထမင်းမစားရတာကြာပြီး တုန်ယင်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို KIA တပ်ဖွဲ့ဝင်တွေကထမင်းကြွေးခဲ့ပါတယ် ။ စစ်တပ်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကိုရော ၊ စစ်သင်တန်းဆင်းစစ်သားသစ်တွေကိုရော မူးယစ်ဆေးတွေကြွေးပြီး ရှေ့ကနေအသေခံစစ်တိုက်ခိုင်းတဲ့ အထောက်အထားတွေကို နိုင်ငံတစ်ဝန်းစစ်မျက်နှာပြင်တွေမှာ ဆက်တိုက်ထွက်ပေါ်လာပါတယ် ။
စစ်ကိုင်းတိုင်းကနီမြို့နယ်၊ချောင်းမရွာမှာ စက်တင်ဘာ လလယ်ကတိုက်ပွဲမှာ စစ်သားသစ်တွေကိုမူးယစ်ဆေးကြွေးပြီးစစ်တိုက်ခိုင်းတာကြောင့်တိုက်ပွဲဆေးကြောင်နေတဲ့ စစ်သားသစ်တွေကို PDF တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ် ။
စက်တင်ဘာ ၂၃ ရက်က ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်အနီးတိုက်ပွဲမှာလည်း စစ်တပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်တွေကို ဆေးကြွေးပြီးရှေ့ကနေအသေခံတက်ခိုင်းတာမှာ သေဆုံးဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့စစ်ရေးရင်းမြစ်တွေကပြောပါတယ် ။
စစ်တပ်က လန်ဆယ်တိုက်ပွဲမှာလည်း ပြည်သူ့စစ်တွေကို မူးယစ်ဆေးကြွေးပြီးစစ်တိုက်ခိုင်း စက်တင်ဘာ−၂၄၊ ၂၀၂၅။နေ့သစ်/People’s…
Posted by People's Spring on Tuesday 23 September 2025
ရုပ်သံ-ရေခဲငါး

















































