Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က လန်ဆယ်တိုက်ပွဲမှာလည်း ပြည်သူ့စစ်​တွေကို မူးယစ်​ဆေး​ကြွေးပြီးစစ်တိုက်ခိုင်း

Screenshot

စက်တင်ဘာ−၂၄၊ ၂၀၂၅။​နေ့သစ်/People’s Spring

ကချင်ပြည်နယ်၊ဆော့လော်မြို့နယ်၊လန်ဆယ်ဒေသတိုက်ပွဲမှာ KIA ကဖမ်းမိခဲ့တဲ့စစ်သုံ့ပန်းတဦးက ​ရှေ့တန်းမှာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်​တွေကို စစ်တပ်က မူးယစ်​​ဆေးဝါး​တွေ​ကြွေးပြီး စစ်တိုက်ခိုင်း​နေ​ကြောင်း ​ပြောဆိုပါတယ် ။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်ဟာ စက်တင်ဘာ ၁၉ရက်မှာ KIA သိမ်းထားတဲ့ လန်ဆယ်ဒေသကို ပြန်လည်ရယူနိုင်ရေး ထိုးစစ်ဆင်ခဲ့ရာ ၅ရက်ဆက်တိုက်ပွဲတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။

စစ်တပ် နဲ့ ပြည်သူ့စစ်ပူး​ပေါင်းတပ်​တွေကအင်အားအများအပြားနဲ့ထိုးစစ်ဆင်ခဲ့​ကြောင့် စက်တင်ဘာ ၂၁ ရက်မှာ KIA ကာကင်းစခန်းကုန်းတစ်ခုကိုလက်လွတ်ခဲ့ရပါတယ် ။စက်တင်ဘာ ၂၁ ရက်မှာ​တော့ KIA က တန်ပြန်ထိုးစစ်ဆင်တာမှာ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ​သေဆုံး ဒဏ်ရာရသူများပြားပြီး ကာကင်းကုန်းကိုပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် စစ်သုံ့ပန်းအချို့ ကိုဖမ်းမိသလို လက်နက်ခဲယမ်းအချို့ ကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း ၁ ဦးက တိုက်ပွဲမှာ ထမင်းမစားရတာ ၄ ရက်ရှိ​နေပြီဖြစ်ပြီး စစ်သား​တွေက ပြည်သူ့စစ်​တွေကို ​မူးသစ်​ဆေး​ပြား​တွေ​ကြွေးပြီးတိုက်ခိုင်းတယ်လို့ ​ပြောပါတယ်။

ထမင်းမစားရတာကြာပြီး တုန်ယင်​နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို KIA တပ်ဖွဲ့ဝင်​တွေကထမင်း​ကြွေးခဲ့ပါတယ် ။ စစ်တပ်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်​တွေကို​ရော ၊ စစ်သင်တန်းဆင်းစစ်သားသစ်​တွေကို​ရော မူးယစ်​ဆေး​တွေ​ကြွေးပြီး ​ရှေ့က​နေအ​သေခံစစ်တိုက်ခိုင်းတဲ့ အ​ထောက်အထား​တွေကို နိုင်ငံတစ်ဝန်းစစ်မျက်နှာပြင်​တွေမှာ ဆက်တိုက်ထွက်​ပေါ်လာပါတယ် ။

စစ်ကိုင်းတိုင်းကနီမြို့နယ်၊​ချောင်းမရွာမှာ စက်တင်ဘာ လလယ်ကတိုက်ပွဲမှာ စစ်သားသစ်​တွေကို​မူးယစ်ဆေး​ကြွေးပြီးစစ်တိုက်ခိုင်းတာ​ကြောင့်​တိုက်ပွဲဆေး​ကြောင်​နေတဲ့ စစ်သားသစ်​တွေကို PDF ​တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ် ။

စက်တင်ဘာ ၂၃ ရက်က ​ကရင်ပြည်နယ် ​လေး​ကေ့ကော်မြို့သစ်အနီးတိုက်ပွဲမှာလည်း စစ်တပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်းစစ်သားသစ်​တွေကို ​ဆေး​ကြွေးပြီး​ရှေ့က​နေအ​သေခံတက်ခိုင်းတာမှာ ​သေဆုံးဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့စစ်​ရေးရင်းမြစ်​တွေက​ပြောပါတယ် ။

စစ်တပ်က လန်ဆယ်တိုက်ပွဲမှာလည်း ပြည်သူ့စစ်​တွေကို မူးယစ်​ဆေး​ကြွေးပြီးစစ်တိုက်ခိုင်း စက်တင်ဘာ−၂၄၊ ၂၀၂၅။​နေ့သစ်/People’s…

Posted by People's Spring on Tuesday 23 September 2025

ရုပ်သံ-​ရေခဲငါး

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆို ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးဟာ စက်တင်ဘာ ၁၆ ရက်နေ့တုန်းက ICCရဲ့ ကနဦးအဆင့် ကြားနာမှု အစီအစဉ်ကို လူကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

Facebook