Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ ညသန်းခေါင်ကျော်အချိန် စစ်ကောင်စီ လက်နက်ကြီးပစ်လို့ ပြည်သူ ၄ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က မနေ့က ညသန်းခေါင်ကျော်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူသေဆုံးထိခိုက်မှုထပ်မံဖြစ်ခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၅ ဇွန် ၃ ရက်က ဖားကန့်မြို့ပေါ်က လက်နက်ကြီး ကျပေါက်ကွဲတဲ့ နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ-Tarlin mg

စက်တင်ဘာ−၂၄၊ ၂၀၂၅။ ထားမြတ်၊ လူအေး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က မနေ့က ညသန်းခေါင်ကျော်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ပြည်သူသေဆုံးထိခိုက်မှုထပ်မံဖြစ်ခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာ ၂၃ရက် ညသန်းခေါင်ကျော်(ယနေ့ စက်တင်ဘာ ၂၄ရက် မနက်အစော)မှာ စစ်ကောင်စီရဲ့ ဖားကန့် ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“မနမှော်မှာရှိတဲ့ ပြည်သူလေးဦး လက်နက်ကြီး ဒဏ်ရာကြောင့် သေတာပေါ့။တယောက်က ဒဏ်ရာရတယ်။” လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လေးယောက်က နေရာမှာတင်သေဆုံးတယ်။ တစ်ယောက်က ဒဏ်ရာပြင်းထန်တယ်။ ညသန်းခေါင်ပိုင်းကြီး လူတွေအိပ်စက်ချိန်လေ။ ဘယ်လိုလုပ်ရှောင်နိုင်မလဲ”လို့ မနမှော်မှာနေထိုင်သူတဦးကလည်း ပြောပါတယ်။

စစ်ကောင်စီနဲ့ KIA၊KPDF ပူးပေါင်းတပ်တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်တာတွေ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ၊ လေကြောင်းကနေ ဗုံးကြဲတာတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေမကြာခဏဖြစ်နေပါတယ်။

အင်အား ၁,၀၀၀ကျော်ပါဝင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းနဲ့ ဩဂုတ်လဆန်းမှာ ဖားကန့်ကို အသုတ်လိုက်ဝင်ရောက်လာပြီး တဲ့နောက်KIA၊KPDF ပူးပေါင်းတပ်‌တွေနဲ့ တိုက်ပွဲဖြစ်နေတာပါ။စစ်ကောင်စီတပ် စစ်ကြောင်းတွေဟာ ဖားကန့်ဗျူဟာ၊ လုံးခင်းမိုင်းချက်စက်ရုံတို့အပြင် မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းလျှံ၊ အမှိုက်ပုံ၊ တောင်ပြို၊ ရှရော်ခ၊ မှော်တောင်း၊ ဆန်းကြွယ်နဲ့ယူမာကျေးရွာမှာ ရှိနေပါတယ်။

လက်ရှိစစ်ရေးအခြေအနေအရ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးအန္တရာယ်နဲ့ မြေပြင်စစ်ကြောင်းအန္တရာယ်ကိုအထူးသတိပြုဖို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတိပေးထားပါတယ်။စစ်ကောင်စီတပ်ဟာ အရပ်သားနေထိုင်ရာနေရာ တွေကို ဦးတည်ပြီး လက်နက်ကြီး၊ ဒရုန်း‌တွေနဲ့ပစ်ခတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ​ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(KHRW)က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်က ဒရုန်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ပြည်သူသေဆုံးမှုတွေ ဆက်တိုက်ရှိခဲ့ပါတယ်။ စက်တင်ဘာ ၂၂ရက်က ဖားကန့်မြို့နယ်က ဖားပြင်ရွာ အခြေစိုက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်လို့ ဆိုင်းတောင်ဒေသ တောင်ယာကုန်းက တဲမှာ ကျရောက်ပြီး သားအဖနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

စက်တင်ဘာ ၂၀ရက်ကလည်း ဆိုင်းတောင်ဘက်ကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ရမ်းပစ်လို့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စက်တင်ဘာ ၁၉ရက်ကလည်း ဖားကန့်မြို့ မရှိကထောင်ဒေသမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့လို့ ဇနီးမောင်နှံ ၂ဦး သေဆုံးခဲ့ရပါတယ်။

ဖားကန့်ဒေသ ပြန်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့ တိုက်ပွဲတွေဖြစ်နေတဲ့ အခြေအနေမှာ စစ်ကောင်စီက တိုက်ပွဲမရှိတဲ့ ပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ၊ ပြည်သူတွေကိုဖမ်းဆီး ပစ်ခတ်သတ်ဖြတ်တာတွေ ဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။