Connect with us

Hi, what are you looking for?

သတင်း

မုံရွာ နမခနားက စစ်သားဟောင်းဖွင့်ထားတဲ့ သံတိုသံစဆိုင် ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာ စစ်သားဟောင်း ဖွင့်ထားတဲ့ သံတိုသံစဆိုင်မှာ သံတိုသံစထုခွဲရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

စက်တင်ဘာ-၂၄၊ ၂၀၂၅။ ဇေအောင်/People’s Spring

မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီးမှာ စစ်သားဟောင်း ဖွင့်ထားတဲ့ သံတိုသံစဆိုင်မှာ သံတိုသံစထုခွဲရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

မနေ့က စက်တင်ဘာ ၂၃ ရက် နေ့လယ် ၁ နာရီခွဲခန့်က မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်အနီး အလုံရပ်ကွက်မှာ ဖွင့်ထားတဲ့ သံတိုသံစဆိုင်မှာ သံတိုသံစတွေကိုထုခွဲရင်း ပေါက်ကွဲမှုဖြစ်ပွားပြီး ကိုထွန်းဇော်လင်းဆိုသူ သေဆုံးခဲ့ကြောင်း၊ ဒါ့အပြင် ဆိုင်ပိုင်ရှင် အပါအဝင် အလုပ်သမား ၂ ဦးပါ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးပါတယ်။

“ပေါက်ကွဲမှုဖြစ်တဲ့နေ့က ကိုထွန်းဇော်လင်း ဆိုသူဟာ သံတိုသံစ တွေကို ထုခွဲရင်း မိုင်းမှန်းမသိဘဲ ထုခွဲလိုက်ရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်”လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“နမခနား၊ အလုံသုံးထောင့်ချွန်းနားက သံတိုသံစဆိုင် ပေါက်ကွဲမှု ဖြစ်တာ။ အလုံသုံးထောင့်ချွန်းက စစ်ဆေးရေး ဂိတ်လည်းရှိတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ ကောင်းကောင်း သံတိုသံစ ဆိုင်ပိုင်ရှင်ဟာ စစ်သားဟောင်း တစ်ဦးဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက ၎င်းတို့သိမ်းဆည်းလာတဲ့ မိုင်းလုံးတွေကို အရက်ဖိုးရဖို့ သံတိုသံစအဖြစ် ပြန်လည်ရောင်းချလာတဲ့အခါ ဝယ်ယူမိတယ်လို့ သိရှိရကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မုံရွာ-မန္တလေးလမ်းပေါ် သွားလာနေတဲ့ ခရီးသည်တင်ကားတွေကို တားဆီးပြီး ပြည်သူတွေကို မိုင်းရှင်းခိုင်းခြင်း၊ ခရီးသည်ကားတွေပေါ် မိုင်းများတင်ပေးပြီး မုံရွာအဝင်က ဂိတ်တွေမှာ ချထားခိုင်းတာတွေ ပြုလုပ်လေ့ရှိကြောင်း သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

Facebook