Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်အေးခေတ် အတွေးအခေါ်တွေ ခေါင်းထောင်လာနေတာကို သတိထားဖို့ ကုလသမဂ္ဂမိန့်ခွန်းမှာ တရုတ် ဝန်ကြီးချုပ်ပြော

စစ်အေးခေတ် အတွေးအခေါ် အယူဝါဒတွေ ပြန်ပြီး ခေါင်းထောင်လာနေတာကို ကမ္ဘာကြီး အနေနဲ့ သတိထားဖို့ လိုတယ်လို့ တရုတ် အစိုးရက ကုလသမဂ္ဂ ညီလာခံမှာ ပြောကြားသွားပါတယ်။

ဓာတ်ပုံ - The New York Times

စစ်အေးခေတ် အတွေးအခေါ် အယူဝါဒတွေ ပြန်ပြီး ခေါင်းထောင်လာနေတာကို ကမ္ဘာကြီး အနေနဲ့ သတိထားဖို့ လိုတယ်လို့ တရုတ် အစိုးရက ကုလသမဂ္ဂ ညီလာခံမှာ ပြောကြားသွားပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့က နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂ ဌာနချုပ်မှာ တရုတ် ဝန်ကြီးချုပ် လီကျန်းက မိန့်ခွန်းပြောခဲ့တာဖြစ်ပြီး အမေရိကန်ကို အတော်လေး သွယ်သွယ်ဝိုက်ဝိုက် ထိုးနှက် ဝေဖန်သွားခဲ့ပါတယ်။

လီက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တိုက်ရိုက် နာမည်မတပ်ပေမယ့်လည်း ထရမ့်လက်ထက်မှာ ကမ္ဘာကြီးဟာ ကမောက်ကမ အခြေအနေတွေ ဖြစ်ပေါ်လာပြီး တရုတ်ကတော့ ကမ္ဘာ့တည်ငြိမ်ရေးကို ကြိုးစား ကာကွယ်နေသူ ဆိုတာမျိုး ပုံဖော် ပြောဆိုသွားခဲ့ပါတယ်။

ကမ္ဘာကြီးဟာ လှုပ်လှုပ်ခတ်ခတ် အပြောင်းအလဲတွေကို ကြုံတွေ့နေတဲ့ ကာလ အပိုင်းအခြား တစ်ခုကို ဖြတ်သန်းနေကြောင်း၊ တစ်ဖက်သတ် အသာစီး ယူလိုမှုနဲ့ စစ်အေးခေတ် အတွေးအခေါ်တွေက တကျော့ပြန် နိုးထလာနေကြောင်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ လုံးလုံး ကြိုးစား တည်ဆောက်ယူလာခဲ့တဲ့ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေဟာ အခုဆိုရင် အကြီးအကျယ် စိန်ခေါ်မှုတွေ ကြုံနေရသလို တစ်ချိန်က ထိရောက် အားကောင်းခဲ့တဲ့ နိုင်ငံတကာ စနစ်တွေဟာလည်း ဆက်တိုက် နှောင့်ယှက် ခံနေရကြောင်း လီက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မျက်မှောက်ကာလမှာတော့ လူသားမျိုးနွယ်စုအတွက် အရေးပါတဲ့ လမ်းဆုံလမ်းခွ တစ်ခုဆီ နောက်တစ်ကြိမ် ထပ်ရောက်နေပြန်ကြောင်းလည်း သူက ဆိုပါတယ်။

သူက နိုင်ငံတွေ အချင်းချင်း ကုန်သွယ်မှုမှာ သွင်းကုန် အခွန်တွေ မြှင့်တင် သတ်မှတ်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း ရှုတ်ချသွားပါတယ်။ အဲဒီလို အခွန်တိုးမြှင့်တာဟာ အမေရိကန်မှာ ထရမ့် သမ္မတ ဖြစ်လာချိန် ကတည်းက တရုတ်နဲ့ တခြား ကုန်သွယ်ဖက် နိုင်ငံတွေအပေါ် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုတွေမှာ အသာစီး ရနိုင်အောင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

တရုတ်ဟာ ကမ္ဘာကြီးအတွက် တံခါးကျယ်ကျယ် ဖွင့်ပေးထားရင်း ကုလသမဂ္ဂရဲ့ စံတန်ဖိုးတွေကို တည်မြဲခိုင်မာအောင် စောင့်ရှောက်ဖို့ တစ်ကမ္ဘာလုံးနဲ့အတူ လက်တွဲ အလုပ်လုပ်နိုင်ရေး မျှော်လင့်ထားပါကြောင်းလည်း လီက ပြောကြားသွားပါတယ်။

တရုတ်ရဲ့ ခါးသီးပြိုင်ဘက်ဖြစ်တဲ့ အမေရိကန်မှာတော့ ထရမ့် သမ္မတ ဖြစ်လာချိန် ကတည်းက နိုင်ငံတကာ ညှိနှိုင်းဆောင်ရွက်မှုတွေကနေ ပိုမို ဖယ်ခွာလာပြီး အမေရိကန်ရဲ့ အင်အားကိုပဲ တိုက်ရိုက် အသုံးပြုပြီး ပြဿနာတွေကို ဖြေရှင်းတဲ့ လမ်းစဉ်မျိုးဆီ သိသိသာသာ ကူးပြောင်းလာနေခဲ့ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲပတ်ဝန်းကျင် ၆ လတာကာလအတွင်း အရပ်သား ပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကထုတ်ပြန်ပါတယ်။