Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက အဖွဲ့အချို့ကို ချဉ်းကပ်ပြီး NUCCက ပဲ့ထွက်အောင် ကြိုးပမ်းနေဟု ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးကို နို၀င်ဘာ ၂၃ရက်က ပြုလုပ်ခဲ့ရာ ယင်းသို့ ထည့် သွင်း ပြောဆိုခဲ့သည်။အမျိုးသားညီညွတ်ရေး အစိုးရ၏ လုပ်ဆောင်ချက်ခြေလှမ်းများ အောင်မြင်ခိုင်မာလာ လေလေ စစ်ကောင်စီက အဖျက်လုပ်ငန်းပိုမိုကြီးမားလာမည်ဆိုသည်ကို သတိထားရမည်ဖြစ်ကြောင်း၊

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တွင် ပါဝင်နေသည့် အချို့အဖွဲ့အစည်းမျာကို ချဉ်းကပ်ပြီး NUCC မှ ပဲ့ထွက်လာအောင် လုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလာက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးကို နို၀င်ဘာ ၂၃ရက်က ပြုလုပ်ခဲ့ရာ ယင်းသို့ ထည့် သွင်း ပြောဆိုခဲ့သည်။အမျိုးသားညီညွတ်ရေး အစိုးရ၏ လုပ်ဆောင်ချက်ခြေလှမ်းများ အောင်မြင်ခိုင်မာလာ လေလေ စစ်ကောင်စီက အဖျက်လုပ်ငန်းပိုမိုကြီးမားလာမည်ဆိုသည်ကို သတိထားရမည်ဖြစ်ကြောင်း၊

စစ်ကောင်စီက အချို့အဖွဲ့အစည်း များကိုချဉ်းကပ်ပြီး NUCC ကနေ ပဲ့ထွက်လာအောင် လုပ်ဆောင်နေမှုများ ရှိသည်ဟု ကြားသိရကြောင်း၊ အင်အားကြီးသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(EAOs) ၏ ညီညွတ်မှုကို မနာလို ဖြိုခွင်းမှုများ အကွက်ဆင်လာနိုင်ကြောင်း ယာယီသမ္မတက ပြောဆိုခဲ့သည်ဟု NUGက ထုတ်ပြန်သည်။

NUCCကို မတ်လ ၈ရက်က စတင်စုဖွဲ့ကာ လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ(CRPH)၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ၊ ပြည်နယ်၊ဖယ်ဒရယ်ယူနစ် အခြေပြု နှင့် လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီများ၊ စစ်အာဏာသိမ်းမှုကို လက်မခံသည့် နိုင်ငံရေးပါတီများ၊နွေဦးတော်လှန်ရေး၏ အင်အားစု အသီးသီး၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ လူထုလူတန်းစား အလွှာအသီးသီးတို့မှ အဖွဲ့အစည်း ၂၈ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထား သည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေး အသိ တော်လှန်ရေးသတိဖြင့် အားလုံးညီညီညွတ်ညွတ် အရှိန်အဟုန်ဖြင့် လူထုကို ဦးဆောင်စည်းရုံးသွားရန်လည်း ယာယီသမ္မတက တိုက်တွန်းခဲ့သည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ပြည်တွင်းပြည်ပက ပြည်သူများအနေဖြင့် အောင်နိုင်လိုစိတ်ပြင်းပြနေကြ၍ လူအင်အား ငွေအင်အား စိတ်ဓာတ်အင်အားများဖြင့် ကဏ္ဍစုံက ပံ့ပိုးထောက်ပံ့နေကကြောင်း၊ ထို့ကြောင့် အစိုးရ အနေဖြင့် တော်လှန်ရေးအတွက်ပိုမို တာဝန်ကြီးလာကြောင်း ပြောကြားသည်။

တော်လှန်ရေးကာလက ၉ လကျော်လာသည့်အခါ၌ ပြည်သူလူထုအနေဖြင့် များစွာ ပင်ပန်းဒုက္ခရောက် နေကြပြီးဖြစ်၍ အစိုးရအဖွဲ့အနေဖြင့်လုပ်ဆောင်ချက်တိုင်းသည် အကြမ်းဖက်စစ်ကောင်စီကို ထိုးနှက်နိုင်စေမည့် ကဏ္ဍများကိုအထူးအာရုံစိုက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။