Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATO၊ EUတို့နဲ့ ပြဿနာ မဖြစ်လိုကြောင်း ရုရှားပြော၊ ခြိမ်းခြောက်မှုတွေ ရှိလာရင်တော့ တုံ့ပြန်မယ်လို့ဆို

ရုရှားဟာ ဥရောပ သမဂ္ဂ (EU)၊ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေနဲ့ ပြဿနာ မဖြစ်ချင်ပေမယ့်လည်း ခြိမ်းခြောက်ရန်လိုမှုတွေ ရှိလာရင်တော့ ပြတ်ပြတ်သားသား တုံ့ပြန်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ပြောကြားသွားပါတယ်။

ဓာတ်ပုံ - AP

ရုရှားဟာ ဥရောပ သမဂ္ဂ (EU)၊ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေနဲ့ ပြဿနာ မဖြစ်ချင်ပေမယ့်လည်း ခြိမ်းခြောက်ရန်လိုမှုတွေ ရှိလာရင်တော့ ပြတ်ပြတ်သားသား တုံ့ပြန်မှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်က ပြောကြားသွားပါတယ်။

စက်တင်ဘာ ၂၇ ရက်နေ့တုန်းက ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောရာမှာတော့ လက်ဗ်ရော့ဗ်က ရုရှားအပေါ် အနောက်ဥရောပ နိုင်ငံတွေရဲ့ ခြိမ်းခြောက်မှုတွေက သိသိသာသာ ကျယ်ပြန့်လာနေတယ်လို့လည်း ထည့်သွင်း စွပ်စွဲသွားပါတယ်။

ရုရှားက NATOနဲ့ EUကို တိုက်ခိုက်ဖို့ ကြံစည်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အသုံးပြုပြီး ရုရှားအပေါ် ခြိမ်းခြောက်မှုတွေက ပိုမို ကြီးထွားလာနေကြောင်း၊ အဲဒီ စွပ်စွဲချက်တွေဟာ မမှန်ကန်ဘူး ဆိုတာကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကလည်း အကြိမ်ကြိမ် ဖြေရှင်းပြီးဖြစ်ကြောင်း၊ ရုရှားဟာ စွပ်စွဲချက်ပါ ကိစ္စတွေကို လုပ်ဆောင်ဖို့ ဘယ်တုန်းကမှ ရည်ရွယ်ချက် မရှိခဲ့ပေမယ့် ကိုယ့်နိုင်ငံကို ရန်လိုမှုတွေ ရှိလာရင်လည်း ထိထိရောက်ရောက် တုံ့ပြန်မှာဖြစ်ကြောင်း လက်ဗ်ရော့ဗ်က ပြောကြားသွားခဲ့ပါတယ်။

NATO အဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ပိုလန်၊ ရိုမေးနီးယားနဲ့ အက်စ်တိုးနီးယား လေပိုင်နက်တွေထဲ ရုရှား ဒရုန်းတွေနဲ့ တိုက်လေယာဉ်တွေ ကျူးကျော်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ရုရှားက ငြင်းဆန်ထားပါတယ်။ နောက်ပြီး မကြာသေးခင်က ဒိန်းမတ်နိုင်ငံရဲ့ လေဆိပ်တွေနဲ့ စစ်စခန်းတွေ တဝိုက်မှာ ဘယ်သူစေလွှတ်မှန်း မသိတဲ့ ဒရုန်းတွေကို တွေ့နေရတဲ့ ကိစ္စကလည်း သူတို့လက်ချက် မဟုတ်ဘူးလို့ ရုရှားက ငြင်းချက်ထုတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကုသလမဂ္ဂ မိန့်ခွန်းမှာတော့ လက်ဗ်ရော့ဗ်က ဂါဇာ အရေးနဲ့ ပတ်သက်ပြီး အစ္စရေးရဲ့ လုပ်ရပ်တွေကိုလည်း ရှုတ်ချကြောင်း ပြောဆိုသွားပါတယ်။ ရုရှားဟာ ဟားမားစ် ပြောက်ကျားတွေရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုကို အပြင်းအထန် ဆန့်ကျင်ကြောင်း၊ ဒါပေမဲ့ ဂါဇာမှာ ပါလက်စတိုင်း ပြည်သူတွေအပေါ် အစ္စရေးက ရက်ရက်စက်စက် သတ်ဖြတ်နေမှုအတွက် အဲဒီတိုက်ခိုက်မှုကို အပြစ်တင် အကြောင်းပြချက်ပေးလို့ မရကြောင်း သူက ဆိုပါတယ်။ ဟားမားစ် လက်အောက်ခံ ဂါဇာ ကျန်းမာရေး ဝန်ကြီးဌာနက စစ်ပွဲကာလတလျှောက် အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း အရပ်သား အများအပြား အပါအဝင် ပါလက်စတိုင်း ၆၆၀၀၀ နီးပါးလောက် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ကြေညာထားပါတယ်။

လက်ဗ်ရော့ဗ်က အစ္စရေးဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းက တခြားနိုင်ငံတွေအပေါ် ကိုယ်ထိလက်ရောက် ရန်လိုမှုတွေလည်း ရှိခဲ့ပြီး ဒေသတွင်း တင်းမာမှုတွေကို ပေါက်ကွဲစေခဲ့တယ်လို့လည်း ပြောပါတယ်။ ကာတာအပါအဝင် အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ပြီး အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြောင်း၊ ပြီးတော့ ဟားမားစ် ခေါင်းဆောင်ပိုင်းကို သုတ်သင်ဖို့ ဆိုတာတွေပဲ အကြောင်းပြချက် ပေးနေခဲ့ကြောင်းလည်း လက်ဗ်ရော့ဗ်က ဆိုပါတယ်။

အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုတွေ ပြန်လည် အသက်သွင်းဖို့ ဆုံးဖြတ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးလည်း လက်ဗ်ရော့ဗ်က ရုရှားနဲ့ တရုတ်တို့ဟာ ဒီအခြေအနေတွေ ဖြစ်မလာအောင် နောက်ဆုံးမိနစ်ထိ အသည်းအသန် ညှိနှိုင်းခဲ့ပေမယ့် အနောက်နိုင်ငံတွေက သံတမန်ရေးအရ နှောင့်ယှက်ခဲ့တာကြောင့် မအောင်မြင်ခဲ့တာလို့ စွပ်စွဲသွားပါတယ်။ အဲဒီ လုပ်ရပ်မျိုးတွေက တရားမဝင်ဘူးလို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

သူက ရုရှားဟာ သမ္မတ ဒေါ်နယ်လ်ထရမ့် ဦးဆောင်နေတဲ့ အမေရိကန် အစိုးရနဲ့အတူ ယူကရိန်း အကျပ်အတည်းကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ရေး နည်းလမ်းတွေ ချဉ်းကပ်ရှာဖွေရေး ပူးပေါင်း လုပ်ဆောင်ဖို့၊ နိုင်ငံရေး အယူအစွဲတွေ မပါတဲ့ ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ဖန်တီးဖို့ လိုလား ဆန္ဒရှိနေပါတယ်လို့လည်း ဆက်ပြောသွားပါတယ်။

သူက ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် မကြာသေးခင်ကမှ အသိအမှတ် ပြုခဲ့တဲ့ ဗြိတိန်၊ ပြင်သစ်တို့လို နိုင်ငံတချို့ကိုလည်း ဦးတည် ထိုးနှက်ခဲ့ပြီး ကြည့်ရတာတော့ အဲဒီ နိုင်ငံတွေဟာ ပါလက်စတိုင်းကို ထပ်ပြီး အသိအမှတ်ပြုဖို့ ဘယ်သူမှ မကျန်တော့တဲ့ထိ၊ ဒါမှမဟုတ် သူတို့ကိုယ်တိုင် အသိအမှတ် ထပ်ပြုစရာ ဘာမှ မကျန်တော့တဲ့ထိ စောင့်ရလို့ အရမ်း အချိန်ယူခဲ့ရပုံပေါ်တယ်လို့ ခနဲ့သွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။