စက်တင်ဘာ-၂၈၊၂၀၂၅။တေဇ/People’s Spring
ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ရပ်တန့်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာအရေးယူပိတ်ဆို့ မှုတွေ လိုအပ်တယ်လို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။
“မြန်မာစစ်အုပ်စုဟာ ပြည်သူလူထုကို အကြမ်းဖက်စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ ဘဏ္ဍာငွေ၊ လက်နက်နဲ့ လေယာဥ်လောင်စာဆီ ရရှိနေမှုတွေကနေ အသက်ဆက်နေရတာ ဖြစ်ပါတယ်။အဲဒီအရင်းအမြစ်တွေကို ဖြတ်တောက်ခြင်းကပဲ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်စေမှာပါ။” လို့ JFM က စက်တင်ဘာ ၂၇ ရက်မှာထုတ်ပြန်ပါတယ်။
ဒါကြောင့် မြန်မာပြည်သူလူထုရဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးရုန်းကန်ကြိုးပမ်းမှုတွေကို အထောက်အပံ့ဖြစ်စေဖို့ကမ္ဘာလုံးဆိုင်ရာအရေးယူဆောင်ရွက်မှု၊ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုနဲ့ သပိတ်မှောက်မှုတွေ မရှိမဖြစ် လိုအပ်တယ်လို့ JFM က ဆိုပါတယ်။

Public Service Announcement
JFM အနေနဲ့ စစ်ကောင်စီကို လက်နက် ၊ လေယာဉ်ဆီ စသဖြင့် ထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ ကို တောက်လျှောက်ဖိအားပေးတောင်းဆိုနေတာပါ။
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ကနေ ၂၀၂၅ စက်တင်ဘာ ၂၆ ရက်အထိ ပြည်သူ ၇၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း
(AAPP)ကထုတ်ပြန်ပါတယ်။ဒါဟာအတည်ပြုပြီးအရေအတွက်သာဖြစ်ပြီး အတည်ထပ်ပြုဖို့လိုသေးတဲ့ ပြည်သူ ၃၉၀၀ ကျော်အသတ်ခံရတာရှိပါသေးတယ် ။ဒါကြောင့် စစ်အုပ်စုလက်ချက်
ကြောင့်စုစုပေါင်းဆိုရင် တစ်သောင်းကျော်အသတ်ခံထားရပါတယ်။
ဒါအပြင် ၂၀၂၄ ဒီဇင်ဘာလအထိ စစ်အုပ်စုလက်ချက်ကြောင့် နေအိမ်ပေါင်း တစ်သိန်း
ကျော်မီးရှို့ဆီးခံခဲ့ရတယ်လို့ Data For Myanmar ရဲ့အချက်အလက်တွေကဖော်ပြထားပါတယ်။ Data For Myanmar က စစ်အုပ်စုက နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးမှုတွေကို အချက်
အလက်စုဆောင်းဖော်ပြပေးခဲ့တာဖြစ်ပါတယ်။
ဒါအပြင် ဒီကာလမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ သုံးသောင်းနီးပါး ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်ထဲမှာ နှစ်သောင်းကျော် ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုလုပ်ငန်းစဉ်တွေက ပိုမိုဆိုးရွားလာတာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၂ ပြုလုပ်ခဲ့တာ ကြောင့် သေဆုံးသူ ၂၈၄ ဦး ရှိလို့ အမျိုးသားညီညွှတ်ရေးအစိုးရ က သတင်းထုတ်ပြန်ထားပါတယ်။


















































