Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ကမ္ဘာလုံးဆိုင်ရာ အရေးယူပိတ်ဆို့မှုတွေပြုလုပ်ဖို့ JFM တောင်းဆို

ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ရပ်တန့်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာအရေးယူပိတ်ဆို့ မှုတွေ လိုအပ်တယ်လို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။

အ​မေရီကန်​ရောက်မြန်မာ​တွေက စစ်တပ်​လေ​ကြောင်းတိုက်ခိုက်မှု​တွေကို နိုင်ငံတကာက အ​ရေးယူ​ပေးဖို့​တောင်းဆိုဆန္ဒပြစဥ်။ဓါတ်ပုံ-CJ

စက်တင်ဘာ-၂၈၊၂၀၂၅။တေဇ/People’s Spring

ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ ရပ်တန့်နိုင်ဖို့ ကမ္ဘာလုံးဆိုင်ရာအရေးယူပိတ်ဆို့ မှုတွေ လိုအပ်တယ်လို့ Justice for Myanmar ကတောင်းဆိုလိုက်ပါတယ်။

“မြန်မာစစ်အုပ်စုဟာ ပြည်သူလူထုကို အကြမ်းဖက်စစ်ဆင်ရေးတွေ လုပ်ဆောင်နိုင်ဖို့ ဘဏ္ဍာငွေ၊ လက်နက်နဲ့ လေယာဥ်လောင်စာဆီ ရရှိနေမှုတွေကနေ အသက်ဆက်နေရတာ ဖြစ်ပါတယ်။အဲဒီအရင်းအမြစ်တွေကို ဖြတ်တောက်ခြင်းကပဲ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးသတ်စေမှာပါ။” လို့ JFM က စက်တင်ဘာ ၂၇ ရက်မှာထုတ်ပြန်ပါတယ်။

ဒါကြောင့် မြန်မာပြည်သူလူထုရဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးရုန်းကန်ကြိုးပမ်းမှုတွေကို အထောက်အပံ့ဖြစ်စေဖို့ကမ္ဘာလုံးဆိုင်ရာအရေးယူဆောင်ရွက်မှု၊ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုနဲ့ သပိတ်မှောက်မှုတွေ မရှိမဖြစ် လိုအပ်တယ်လို့ JFM က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

JFM ‌အနေနဲ့ စစ်ကောင်စီကို လက်နက် ၊ လေယာဉ်ဆီ စသဖြင့် ထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ ကို တောက်လျှောက်ဖိအားပေးတောင်းဆိုနေတာပါ။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကြောင့် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ကနေ ၂၀၂၅ စက်တင်ဘာ ၂၆ ရက်အထိ ပြည်သူ ၇၂၀၀ ​ကျော် သေဆုံးခဲ့တယ်လို့ နိုင်ငံ​ရေးအကျဥ်းသားများကူညီ​စောင့်​ရှောက်​ရေးအသင်း

(AAPP)ကထုတ်ပြန်ပါတယ်။ဒါဟာအတည်ပြုပြီးအ​ရေအတွက်သာဖြစ်ပြီး အတည်ထပ်ပြုဖို့လို​သေးတဲ့ ပြည်သူ ၃၉၀၀ ​ကျော်အသတ်ခံရတာရှိပါ​သေးတယ် ။ဒါ​ကြောင့် စစ်အုပ်စုလက်ချက်​

ကြောင့်စုစု​ပေါင်းဆိုရင် တစ်​သောင်း​ကျော်အသတ်ခံထားရပါတယ်။

ဒါအပြင် ၂၀၂၄ ဒီဇင်ဘာလအထိ စစ်အုပ်စုလက်ချက်​ကြောင့် နေအိမ်ပေါင်း တစ်သိန်း​

ကျော်မီးရှို့ဆီးခံခဲ့ရတယ်လို့ Data For Myanmar ရဲ့အချက်အလက်​တွေက​ဖော်ပြထားပါတယ်။ Data For Myanmar က စစ်အုပ်စုက နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးမှု​တွေကို အချက်

အလက်စု​​ဆောင်း​ဖော်ပြ​ပေးခဲ့တာဖြစ်ပါတယ်။

ဒါအပြင် ဒီကာလမှာ ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ သုံးသောင်းနီးပါး ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်ထဲမှာ နှစ်သောင်းကျော် ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုလုပ်ငန်းစဉ်တွေက ပိုမိုဆိုးရွားလာတာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၂ ပြုလုပ်ခဲ့တာ ကြောင့် သေဆုံးသူ ၂၈၄ ဦး ရှိလို့ အမျိုးသားညီညွှတ်ရေးအစိုးရ က သတင်းထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ အရေးပေါ်အခြေအနေ(National Emergency)ကို တစ်နှစ်သက်တမ်းတိုးမြှင့်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

သတင်း

အမေရိကန် အစိုးရက ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ သားနှစ်ယောက်ကို ပစ်မှတ်ထားတဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှု အသစ်တွေကိုချမှတ်လိုက်ပါတယ်။

သတင်း

ဆွစ်ဇာလန်နိုင်ငံက စစ်အုပ်စုထိန်းချုပ်ထားသည့်မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့အ​ရေးယူလိုက်ကြောင်း လူ့အခွင့်အရေး အဖွဲ့ Justice For Myanmar က အသိပေးသည်။

သတင်း

ဒေါက်တာဝင်းကျော်နှင့် ၎င်း၏ ဇနီးဖြစ်သူ ခင်ကေခိုင်တို့က ဦးဆောင်သည့် Mascots Group of Companies က အထက်ပါတရုတ်ကုမ္ပဏီများနှင့် စစ်အုပ်စုအကြား စီးပွားရေးလုပ်ဆောင်နိုင်ရန် ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးကြောင်း JFM က စုံစမ်းဖော်ထုတ်သည်။