စက်တင်ဘာ-၃၀၊ ၂၀၂၅။ သတိုး/People’s Spring
စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်တော်လှန်ကြောင်း ပြသတဲ့အနေနဲ့ ဆိုင်ကယ်သပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီ၊ ချောင်းဦးမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)နဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး သပိတ်မှာပါဝင်သူတွေက ဆိုင်ကယ်တွေပေါ်မှာ ခွပ်ဒေါင်းအလံတွေကို လွှင့်ထူခဲ့ကြတာပါ။
သပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ရဲဘော် ဇွဲလေးက စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း နဲ့ ရွေးကောက်ပွဲက အတုအယောင်ဖြစ်ပြီး စစ်ကောင်စီအတွက်သာ ထွက်ပေါက်ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဆန့်ကျင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင် “အာဏာရှင်စနစ်ပြုတ်ကျရေး” “ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး” “ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက် မဲမပေးနဲ့ သပိတ်မှောက်” စတဲ့ကြွေးကြော်သံတွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။
“ထွက်ပေါက် မဟုတ်၊ ထောင်ခြောက်။အတုအယောင် ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ။အရေးတော်ပုံ အောင်ရမည်။” လို့ ဒေါက်တာတေဇာစန်းက မှတ်ချက်ရေးသားထားပါတယ်။
စစ်ကောင်စီ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ ဆိုင်ကယ်သပိတ် စက်တင်ဘာ-၃၀၊ ၂၀၂၅။ သတိုး/People's…
Posted by People's Spring on Tuesday 30 September 2025
ရုပ်သံ – GSCB


















































