Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းရန်ကာကွယ်ရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းရန်ကာကွယ်ရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာ-၂၅၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းရန်ကာကွယ်ရေးနဲ့ စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုမှ “ထွက်ပေါက်မဟုတ်ဘူးထောင်ချောက်” ၊ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” စာသားနဲ့ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

ကနီမြို့နယ်မှာလည်း သပိတ်ဦးဆောင်ကော်မတီ၊ လူထုဖက်ဒရယ်သပိတ်အင်အားစု၊ အမျိုးသမီးသပိတ်စစ်ကြောင်း(WAB)၊ ပညာရေးဘုတ်အဖွဲ့နဲ့တော်လှန်လူငယ် အဖွဲ့တို့ ပူးပေါင်းပြီး လေကြောင်းရန်ကာကွယ်ရေးနဲ့ ရွေးကောက်ပွဲ ဆန့်ကျင်ရေး အသိပညာပေးဆွေးနွေးပွဲ လုပ်ဆောင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အအပြင် တပ်ရင်းတပ်ဖွဲ့မှ ရဲဘော်တွေကလည်း လေကြောင်းရန် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုတွေ လေ့ကျင်ပြသပေးခဲ့ပါတယ်။

ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစုက ရဲဘော်တွေက ရွေးကောက်ပွဲက စစ်ကော်မရှင်အတွက်ထွက်ပေါက်ဖြစ်ပြီး ပြည်သူလူထုအတွက် ပိုမိုခက်ခဲလာစေမယ့် ထောင်ချောက်ကြီးဖြစ်ကြောင်း၊ အခုအခါ ပြည်သူလူထုမှာ အန္တရာယ်ဒုက္ခ ပိုမိုများပြားလာကြောင်း၊ ပြည်သူ့ဆန္ဒမပါဝင်တဲ့အတွက် မထောက်ခံခြင်း ကန့်ကွက်ခြင်းကို ပြသနိုင်ဖို့လိုအပ်ကြောင်း ဟောပြော ဆွေးနွေးခဲ့ပါတယ်။

ဓာတ်ပုံ – ရွာပေါင်းစုံသပိတ်၊ စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ကနီလူထုသပိတ်

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။