Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့ ရဲစခန်းနဲ့ စရဖရုံး တိုက်ခိုက်ခံရ၊ ထရန်စဖော်မာထိမှန်လို့ မီးပြတ်တောက်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မှာရှိတဲ့ စစ်ကောင်စီရဲစခန်းနဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

လောင်းလုံးမြို့ပေါ်အပြန်အလှန်ပစ်ခတ်မှုအတွင်း ပျက်စီးသွားတဲ့ ထရန်စဖော်မာ။ ဓာတ်ပုံ - Petro & Trans

စက်တင်ဘာ-၃၀၊ ၂၀၂၅။ကျော်ဇော/People’s Spring

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မှာရှိတဲ့ စစ်ကောင်စီရဲစခန်းနဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့ စက်တင်ဘာ ၃၀ ရက် မနက် ၆ နာရီခွဲခန့်က လောင်းလုံးမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ လက်ကျန်ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ မြို့မရဲစခန်းနဲ့ စရဖရုံးကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂ နာရီခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“မနက် ၆ နာရီလောက်မှာ ဖြစ်သွားတယ်ဗျ။ ၈ နာရီလောက်ထိတော့ ပစ်ခတ်သံတွေ ကြားရတယ်”လို့ အပြန်အလှန်ပစ်ခတ်တဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး လောင်းလုံးဒေသခံတဦးက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ စရဖ ရုံးတွေ ဝင်ရောက်တိုက်ခိုက်ခံရချိန်မှာ ထားဝယ်မြို့ အကောက်ခွန်ဆိပ်ကမ်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ကူများပေးခဲ့ရာ မြို့တွင်း လျှပ်စစ် မီးဖြန့်ဖြူးပေးနေတဲ့ ထရန်စဖော်မာထိမှန်ခဲ့ရာ တမြို့လုံးလျှပ်စစ်မီးပြတ်တောက်သွားတယ်လို့ ၎င်းဒေသခံက ဆက်ပြောပါတယ်။

တိုက်ပွဲဖြစ်ပြီး လျှပ်စစ်မီးပြတ်တောက်တာနဲ့ပတ်သက်လို့ လောင်းလုံးမြို့နယ်ကို ဓာတ်အားပေးလုပ်ငန်းလုပ်ကိုင်နေတဲ့ Petro & Trans ကုမ္ပဏီက “လောင်းလုံးမြို့ ၃၃ ကေဗွီဓာတ်အားခွဲရုံအနီးတွင် (၃၀.၉.၂၀၂၅) ရက်နေ့ မနက် ၀၆:၃၀ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွါးပြီး (၀၆:၅၆) အချိန်တွင် ထားဝယ်ခွဲရုံမှ ပို့လွှတ်သော ၃၃ ကေဗွီဓာတ်အားအဝင် 5 MVA Transformer အားကျည်ထိမှန်ပေါက်ထွက်သွားပြီး လောင်းလုံးမြို့လျှပ်စစ်ဓာတ်အားပြတ်တောက်သွားကြောင်း အသိပေးအပ်ပါသည်”လို့ ထုတ်ပြန်ထားပါတယ်။

အခုလို စစ်ကောင်စီလက်အောက်ခံ ရဲစခန်းနဲ့ စရဖ ရုံးတွေကို ဘယ်တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်ဆိုတာ မသိရသေးသလို တိုက်ခိုက်မှုအခြေအနေအပြည့်အစုံကိုလည်း လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်မှာ စစ်ကောင်စီလက်အောက်ခံရုံးတွေထဲက ရဲစခန်းနဲ့ စရဖ ရုံးတွေသာ ဆက်ရှိနေတာဖြစ်ပြီး ထွေအုပ်ရုံးအပါအဝင် ကျန်ဌာနဆိုင်ရာရုံးအားလုံးကို ထားဝယ်မြို့ပေါ်ကိုပြောင်း‌ရွှေ့ လုပ်ငန်းလည်ပတ်နေတာဖြစ်ပါတယ်။

လက်ကျန်ရုံးနှစ်ရုံးတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီက အကောက်ကွန်ဆိပ်ကမ်းဘက်ကနေ လက်နက်ကြီးပစ်ကူပေးနေသလို လောင်းလုံးမြို့နဲ့ ၄ မိုင်ဝန်းကျင်သာဝေးတဲ့ စမ်းလှမ်းရွာအနီး ကမ်းနားမှာလည်း စစ်သဘော်တဦးရောက်ရှိလာပြီး ပစ်ကူပေးရန် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ နေအိမ်မီးမရှို့ဖို့တားတဲ့ အသက်(၉၀)ကျော်အရွယ်အဘိုးအို ၁ ဦးအပါအ၀င် အရပ်သား ၅ ဦးထက်မနည်းကို စစ်တပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်ထဲမှာအခြေ စိုက်ထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ပြီးခဲ့တဲ့ ရက်ပိုင်းကအရပ်သားသားအဖနှစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။