Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရက်ပိုင်းအတွင်း တတိယမြောက်မုန်တိုင်း ဖိလစ်ပိုင်ကို ဖြတ်သန်းတိုက်ခတ်

ဖိလစ်ပိုင် နိုင်ငံဟာ ရက်အနည်းငယ် အတွင်းမှာတင် တတိယမြောက် မုန်တိုင်းတစ်ခု ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကို ကြုံတွေ့ခဲ့ပါတယ်။

ဓာတ်ပုံ - AP

ဖိလစ်ပိုင် နိုင်ငံဟာ ရက်အနည်းငယ် အတွင်းမှာတင် တတိယမြောက် မုန်တိုင်းတစ်ခု ကုန်းတွင်းဝင်ရောက် တိုက်ခတ်မှုကို ကြုံတွေ့ခဲ့ပါတယ်။

အောက်တိုဘာ ၃ ရက်နေ့မှာ အပူပိုင်းမုန်တိုင်း မတ်မိုဟာ ဖိလစ်ပိုင် နိုင်ငံ အရှေ့မြောက်ပိုင်း၊ အစ္စဘယ်လာ ဒေသမှာရှိတဲ့ ဒီနာပင်ဂူ ဧရိယာကနေ ကုန်းတွင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မုန်တိုင်းဟာ အနောက်မြောက်ဖက်ကို ဆက်လက် ဦးတည် ရွေ့လျားနေပြီး အခုသီတင်းပတ်ကုန်ကျရင် တရုတ်နိုင်ငံရဲ့ ဟိုင်နန်ကျွန်း မြောက်ပိုင်းထိ ရောက်ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဒေသတွင်းမှာ ပေါ်လိုလို့ ခေါ်ဝေါ်တဲ့ မတ်မိုဟာ အပူပိုင်း မုန်တိုင်းအဆင့်ကနေ တိုင်ဖွန်းအဖြစ် အားကောင်းလာနေတယ်လို့ ဖိလစ်ပိုင် မိုးလေဝသ အေဂျင်စီက ပြောပါတယ်။ မုန်တိုင်းရဲ့ အမြင့်ဆုံး လေတိုက်နှုန်းဟာ မုန်တိုင်းမျက်စိ တဝိုက်မှာ တစ်နာရီ ၁၃၀ ကီလိုမီတာလောက်ထိ အားကောင်းနေပါတယ်။ မုန်တိုင်းဟာ အနောက်-အနောက်မြောက်ဖက်ကို တစ်နာရီ ၂၅ ကီလိုမီတာနှုန်းလောက်နဲ့ ဆက်လက် ရွေ့လျားနေတယ်လို့လည်း သိရပါတယ်။

ဖိလစ်ပိုင် မိုးလေဝသ ဌာနကတော့ မုန်တိုင်းကြောင့် နိုင်ငံရဲ့ တချို့ အစိတ်အပိုင်းတွေမှာ ရေကြီးမှုတွေ၊ လေပြင်းတိုက်ခတ်မှုတွေ ကြုံနိုင်ကြောင်း သတိပေးထားပြီး ကမ်းရိုးတန်းတွေမှာလည်း အတော်အသင့် ကြီးမားတဲ့ လှိုင်းလုံးတွေ ရိုက်ခတ်နိုင်တယ်လို့ ကြေညာထားပါတယ်။

Public Service Announcement

Public Service Announcement

ဖိလစ်ပိုင်ဟာ ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းကလည်း တိုင်ဖွန်းမုန်တိုင်းတွေဖြစ်တဲ့ ရာဂါဆာနဲ့ ဘူအာလွိုင် တိုင်ဖွန်းမုန်တိုင်းတွေ ရှေ့ဆင့်နောက်ဆင့် ဝင်ရောက် တိုက်ခတ်တာကို ကြုံတွေ့ထားပြီး ဘူအာလွိုင်ကြောင့် အသေအပျောက် ဒါဇင်နဲ့ချီ ဖြစ်ပေါ်ခဲ့ပါတယ်။

အရှေ့တောင်အာရှ ဒေသတွင်းမှာ ပါဝင်တဲ့ ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်ဟာ နှစ်စဉ် တိုင်ဖွန်းမုန်တိုင်း ရာသီတွေရောက်တိုင်း မုန်တိုင်း ၂၀ လောက် ဖြတ်သန်းတဲ့ဒဏ်ကို ခံရလေ့ ရှိပါတယ်။ မကြာသေးခင်ကတော့ ဖိလစ်ပိုင် အလယ်ပိုင်းမှာ အင်အား မဂ္ဂနီကျု ၆.၉ အဆင့် ငလျင်ကြီး တစ်ခုပါ လှုပ်ခတ်ခဲ့တာကြောင့် လူ ၇၂ ဦးထက်မနည်း သေဆုံးခဲ့ပါသေးတယ်။

ကိုးကား: The Star

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ အကျဉ်းချ ခံနေရတဲ့ လူသတ်သမား၊ မူးယစ်ရာဇာ တစ်ဦးဟာ ဒရုန်းမှာ တွဲလောင်းခိုစီးပြီး ထောင်ဖောက် ထွက်ပြေးဖို့ ကြံစည်ထားပေမယ့် အစမ်းလေ့ကျင့်မှု ဗီဒီယို ပေါက်ကြားသွားလို့ အစီအစဉ် ပျက်ပြယ်သွားခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံမှာ အပြင်းအထန် မီးလောင်ခဲ့တဲ့ ကူးတို့ရေယာဉ်ပေါ်ကို နာရီပေါင်း ၄၀ လောက် ကြာပြီးမှသာ ကယ်ဆယ်ရေး အဖွဲ့တွေ တက်ရောက်နိုင်ခဲ့ပါတယ်။