Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ သီတင်းကျွတ်လပြည့်ည ဆီမီးသပိတ် ပြုလုပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီကနေ့(အောက်တိုဘာ ၆) သီတင်းကျွတ်လပြည့်ညမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ပေးပို့

အောက်တိုဘာ-၆၊၂၀၂၅။ သုည/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီကနေ့(အောက်တိုဘာ ၆) သီတင်းကျွတ်လပြည့်ညမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ – ပေးပို့

ဖားကန့်ပြည်သူတွေက ဆီမီးထွန်းညှိပြီး ကျဆုံးရဲဘော်တွေကို ဦးညွှတ်အလေးပြုခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး ကျန်းမာစွာနဲ့ အမြတ်ဆုံး လွတ်မြောက်လာကြစေရန် ဆုတောင်းတာ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် “အတုအယောင်ရွေးကောက်ပွဲကို နင်းချေပြီး ဒီမိုကရေစီခရီးလမ်းကို ရဲရဲဆက်လျှောက်ကြ” စာသားနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားတိုင်း ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ဖျက်ကြဖို့ နှိုးဆော်ခြင်း၊ နိုင်ငံ့အရေးမှာ နိုင်ငံသားတိုင်း ဆက်လက်ပါဝင်ချီတက်ကြဖို့ အကြံပြုခြင်း၊ လူထုဆန္ဒနဲ့အညီ အဓမ္မတွေ ကျဆုံးပျောက်ကွယ်ပြီး ၊ ဓမ္မအမှန်တရားသည်သာ ထာဝရ တည်ပါစေ ဟု ဆုတောင်းကြခြင်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ