Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ သီတင်းကျွတ်လပြည့်ည ဆီမီးသပိတ် ပြုလုပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီကနေ့(အောက်တိုဘာ ၆) သီတင်းကျွတ်လပြည့်ညမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ - ပေးပို့

အောက်တိုဘာ-၆၊၂၀၂၅။ သုည/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဒီကနေ့(အောက်တိုဘာ ၆) သီတင်းကျွတ်လပြည့်ညမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆီမီးသပိတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

ဓာတ်ပုံ – ပေးပို့

ဖားကန့်ပြည်သူတွေက ဆီမီးထွန်းညှိပြီး ကျဆုံးရဲဘော်တွေကို ဦးညွှတ်အလေးပြုခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဥ်းသားအားလုံး ကျန်းမာစွာနဲ့ အမြတ်ဆုံး လွတ်မြောက်လာကြစေရန် ဆုတောင်းတာ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် “ အတုအယောင်ရွေးကောက်ပွဲကို နင်းချေပြီး ဒီမိုကရေစီခရီးလမ်းကို ရဲရဲဆက်လျှောက်ကြ” စာသားနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို မြန်မာနိုင်ငံသားတိုင်း ပြတ်ပြတ်သားသား ဆန့်ကျင် တိုက်ဖျက်ကြဖို့ နှိုးဆော်ခြင်း၊ နိုင်ငံ့အရေးမှာ နိုင်ငံသားတိုင်း ဆက်လက်ပါဝင်ချီတက်ကြဖို့ အကြံပြုခြင်း၊ လူထုဆန္ဒနဲ့အညီ အဓမ္မတွေ ကျဆုံးပျောက်ကွယ်ပြီး ၊ ဓမ္မအမှန်တရားသည်သာ ထာဝရ တည်ပါစေ ဟု ဆုတောင်းကြခြင်းတွေလည်း ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ