Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးမြို့အနီးကို စစ်တပ် လေကြောင်းတိုက်၊ ကလေးငယ်‌တွေဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို စစ်တပ်က ၂ရက်ဆက်တိုက်ဗုံးကြဲတာတွေပြုလုပ်နေပြီး ဒီနေ့မနက်ပိုင်းက နွားထိုးကြီးမြို့ရဲ့တောင်ဘက်မကျီးကုန်းရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ်တွေ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နွားထိုးကြီးဂျာနယ်က ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ-၈၊ ၂၀၂၅။ မေ/People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ကို စစ်တပ်က ၂ရက်ဆက်တိုက်ဗုံးကြဲတာတွေပြုလုပ်နေပြီး ဒီနေ့မနက်ပိုင်းက နွားထိုးကြီးမြို့ရဲ့တောင်ဘက်မကျီးကုန်းရွာဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုမှာ ကလေးငယ်တွေ ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နွားထိုးကြီးဂျာနယ်က ထုတ်ပြန်ထားပါတယ်။

ဒီနေ့မနက်ပိုင်းက မကျီးကုန်းရွာက စစ်ရှောင်တွေနေထိုင်တဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ကလေးငယ်တစ်ဦးပေါင်ပြတ်ကာ ၁၀ဦး ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နွားထိုးကြီးမြို့ရဲ့ တောင်ဘက်က ကျေးရွာတွေကို စစ်ကောင်စီတပ်က မနေ့ကတည်းက လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး ထိခိုက်မှုတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မနေ့ကလည်း အရှေ့က တံတားဦးဘက်ကတက်လာတဲ့ လေယာဉ်ကကြဲနေတုန်း နောက်တစီးကဝဲနေပြီ။ အဲဒီလေယာဉ်ကြဲပြီး နောက်တစီးထပ်ကြဲတာပဲ။ မနေ့ကနေ ဒီနေ့အထိ ဆက်တိုက်ကို လေကြောင်းတိုက်နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းတိုက်ခံရတဲ့ ကျေးရွာတွေဘက်မှာ ဖုန်းလိုင်းတွေလည်းပြတ်တောက်နေတာမို့ ထိခိုက်မှု အသေးစိတ်ကိုတော့မသိရသေးဘူးလို့လည်းဆိုပါတယ်။

စက်တင်ဘာနောက်ဆုံးပတ်ထဲမှာ နွားထိုးကြီးမြို့ရဲ့ တောင်ဘက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာက ဒီနေ့အထိ လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေတာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။