Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကာကွယ်ဆေး ထိုးထားပြီးလည်း နှာခေါင်းစည်း ဝတ်ကြဖို့ WHO တိုက်တွန်း

ကာကွယ်ဆေး ထိုးထားလို့ဆိုပြီး ပေါ့ဆမနေသင့်ကြောင်း၊ ကပ်ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်လို့ လမ်းညွှန် အကြံပြုထားတာတွေကို နိုးနိုးကြားကြား လိုက်နာပြီး ကိုယ့်ကိုယ်ကိုယ်ရော၊ သူတစ်ပါးကိုပါ မကူးစက်အောင် အားထုတ်ဖို့လိုကြောင်း၊ ကိုဗစ်ဟာ အသက် သေဆုံးစေနိုင်တဲ့ ရောဂါဆိုတာ မမေ့သင့်ကြောင်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က ဆိုပါတယ်။

ကပ်ရောဂါ ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာတဲ့နောက် ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးထားပြီးသား သူတွေတောင် နှာခေါင်းစည်းတွေ သေသေချာချာ ပြန်လည် ဝတ်ဆင်ကြဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က တိုက်တွန်းလိုက်ပါတယ်။

ဆေးထိုးထားပြီးပြီ ဆိုရင်တောင် နှာခေါင်းစည်းတွေ ဝတ်ကြဖို့၊ ပြီးတော့ ရောဂါ ကူးစက်ထားသူတွေနဲ့ တသီးတခြား နေထိုင်ကြဖို့ WHOရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွန် ဂျီဘရီယီးဆက်စ်က ပြောကြားခဲ့ပါတယ်။

ကာကွယ်ဆေး ထိုးထားလို့ဆိုပြီး ပေါ့ဆမနေသင့်ကြောင်း၊ ကပ်ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်လို့ လမ်းညွှန် အကြံပြုထားတာတွေကို နိုးနိုးကြားကြား လိုက်နာပြီး ကိုယ့်ကိုယ်ကိုယ်ရော၊ သူတစ်ပါးကိုပါ မကူးစက်အောင် အားထုတ်ဖို့လိုကြောင်း၊ ကိုဗစ်ဟာ အသက် သေဆုံးစေနိုင်တဲ့ ရောဂါဆိုတာ မမေ့သင့်ကြောင်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က ဆိုပါတယ်။

ကပ်ရောဂါ တားဆီးရေး အစီအမံတွေ ဆိုတာက နှာခေါင်းစည်း ဝတ်ဖို့၊ လူအချင်းချင်း ထိတွေ့မှုကို လျှော့ချဖို့၊ လူစုလူဝေးတွေကို ရှောင်ဖို့၊ လေဝင်လေထွက် ကောင်းတဲ့ နေရာမျိုးတွေမှာ နေထိုင်ဖို့ စတဲ့ အချက်တွေကို ဆိုလိုတာလို့လည်း WHOရဲ့ အကြီးအကဲက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလော အခြေအနေတွေအရ ဥရောပမှာပဲ ကပ်ရောဂါ ကူးစက်မှုတွေ အရှိန်မြင့်နေပေမယ့် တစ်ကမ္ဘာလုံးမှာ ဘယ်နိုင်ငံ၊ ဘယ်ဒေသမှာ လုံခြုံ ဘေးကင်းပါမယ်ဆိုတဲ့ အာမခံချက် မရှိဘူးလို့ ဒေါက်တာ ဂျီဘရီယီးဆက်စ်က သတိပေးသွားပါတယ်။

နိုင်ငံတချို့မှာ ကပ်ရောဂါ ပြီးဆုံးသွားပြီဆိုတဲ့ မျှော်လင့်ချက် အမှားနဲ့ သတင်းတုတွေ ပျံ့နှံ့နေတာ ရှိကြောင်း၊ ကာကွယ်ဆေးတွေဟာ လူ့အသက်တွေကို ကယ်ဆယ်နိုင်တာ၊ ဆိုးရွားတဲ့ ရောဂါ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ခြေကို လျှော့ချနိုင်တာ မှန်ပေမယ့် လူ့အဖွဲ့အစည်းထဲမှာ ပျံ့နှံ့ ကူးစက်တာတွေတော့ ဆက်ပြီး ဖြစ်နေနိုင်သေးတယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိ အချိန်ထိ လူပေါင်း ၄.၂၂ ဘီလီယံ၊ တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေရဲ့ ၅၄.၉ ရာခိုင်နှုန်းလောက်ဟာ ကိုဗစ်ရောဂါ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံဟာ စစ်ရေးပဋိပက္ခနဲ့ ကူးစက်ရောဂါဆိုး တပြိုင်နက် ထိုးနှက်တဲ့ဒဏ်ကို ကြုံတွေ့နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကွန်ဂို နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာ ရောဂါဟာ ကူးစက်နှုန်း အရရော၊ ကူးစက်မှု အတိုင်းအတာတွေ အရပါ အရမ်းစိုးရိမ်စရာ အခြေအနေမျိုးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖရိက နိုင်ငံနှစ်ခုမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကူးစက်မှုတွေကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ရဲ့ နှစ်ပတ်လည် ကမ္ဘာ့ကျန်းမာရေး ညီလာခံ (WHA)ဆီ ထိုင်ဝမ် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဖို့ ခွင့်ပြုမှာ မဟုတ်ကြောင်း တရုတ် အစိုးရက သတိပေး ပြောကြားလိုက်ပါတယ်။