Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကာကွယ်ဆေး ထိုးထားပြီးလည်း နှာခေါင်းစည်း ဝတ်ကြဖို့ WHO တိုက်တွန်း

ကာကွယ်ဆေး ထိုးထားလို့ဆိုပြီး ပေါ့ဆမနေသင့်ကြောင်း၊ ကပ်ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်လို့ လမ်းညွှန် အကြံပြုထားတာတွေကို နိုးနိုးကြားကြား လိုက်နာပြီး ကိုယ့်ကိုယ်ကိုယ်ရော၊ သူတစ်ပါးကိုပါ မကူးစက်အောင် အားထုတ်ဖို့လိုကြောင်း၊ ကိုဗစ်ဟာ အသက် သေဆုံးစေနိုင်တဲ့ ရောဂါဆိုတာ မမေ့သင့်ကြောင်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က ဆိုပါတယ်။

ကပ်ရောဂါ ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာတဲ့နောက် ကာကွယ်ဆေး နှစ်ကြိမ် အပြည့်ထိုးထားပြီးသား သူတွေတောင် နှာခေါင်းစည်းတွေ သေသေချာချာ ပြန်လည် ဝတ်ဆင်ကြဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က တိုက်တွန်းလိုက်ပါတယ်။

ဆေးထိုးထားပြီးပြီ ဆိုရင်တောင် နှာခေါင်းစည်းတွေ ဝတ်ကြဖို့၊ ပြီးတော့ ရောဂါ ကူးစက်ထားသူတွေနဲ့ တသီးတခြား နေထိုင်ကြဖို့ WHOရဲ့ အကြီးအကဲဖြစ်သူ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွန် ဂျီဘရီယီးဆက်စ်က ပြောကြားခဲ့ပါတယ်။

ကာကွယ်ဆေး ထိုးထားလို့ဆိုပြီး ပေါ့ဆမနေသင့်ကြောင်း၊ ကပ်ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်လို့ လမ်းညွှန် အကြံပြုထားတာတွေကို နိုးနိုးကြားကြား လိုက်နာပြီး ကိုယ့်ကိုယ်ကိုယ်ရော၊ သူတစ်ပါးကိုပါ မကူးစက်အောင် အားထုတ်ဖို့လိုကြောင်း၊ ကိုဗစ်ဟာ အသက် သေဆုံးစေနိုင်တဲ့ ရောဂါဆိုတာ မမေ့သင့်ကြောင်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က ဆိုပါတယ်။

ကပ်ရောဂါ တားဆီးရေး အစီအမံတွေ ဆိုတာက နှာခေါင်းစည်း ဝတ်ဖို့၊ လူအချင်းချင်း ထိတွေ့မှုကို လျှော့ချဖို့၊ လူစုလူဝေးတွေကို ရှောင်ဖို့၊ လေဝင်လေထွက် ကောင်းတဲ့ နေရာမျိုးတွေမှာ နေထိုင်ဖို့ စတဲ့ အချက်တွေကို ဆိုလိုတာလို့လည်း WHOရဲ့ အကြီးအကဲက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလော အခြေအနေတွေအရ ဥရောပမှာပဲ ကပ်ရောဂါ ကူးစက်မှုတွေ အရှိန်မြင့်နေပေမယ့် တစ်ကမ္ဘာလုံးမှာ ဘယ်နိုင်ငံ၊ ဘယ်ဒေသမှာ လုံခြုံ ဘေးကင်းပါမယ်ဆိုတဲ့ အာမခံချက် မရှိဘူးလို့ ဒေါက်တာ ဂျီဘရီယီးဆက်စ်က သတိပေးသွားပါတယ်။

နိုင်ငံတချို့မှာ ကပ်ရောဂါ ပြီးဆုံးသွားပြီဆိုတဲ့ မျှော်လင့်ချက် အမှားနဲ့ သတင်းတုတွေ ပျံ့နှံ့နေတာ ရှိကြောင်း၊ ကာကွယ်ဆေးတွေဟာ လူ့အသက်တွေကို ကယ်ဆယ်နိုင်တာ၊ ဆိုးရွားတဲ့ ရောဂါ လက္ခဏာတွေ ဖြစ်ပေါ်နိုင်ခြေကို လျှော့ချနိုင်တာ မှန်ပေမယ့် လူ့အဖွဲ့အစည်းထဲမှာ ပျံ့နှံ့ ကူးစက်တာတွေတော့ ဆက်ပြီး ဖြစ်နေနိုင်သေးတယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိ အချိန်ထိ လူပေါင်း ၄.၂၂ ဘီလီယံ၊ တစ်နည်းအားဖြင့် ကမ္ဘာ့လူဦးရေရဲ့ ၅၄.၉ ရာခိုင်နှုန်းလောက်ဟာ ကိုဗစ်ရောဂါ ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ် ထိုးနှံပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ငှက်ဖျားနဲ့ ပတ်သက်လို့ အာဖရိကတိုက်မှာ နောက်ထပ် အားတက်စရာ သတင်းတစ်ခုကတော့ အခုလ အစောပိုင်းတုန်းက ကိပ်ဗာဒီ နိုင်ငံဟာ နှစ်ပေါင်း ၅၀ လောက်အတွင်း ပထမဆုံးသော ငှက်ဖျားကင်းစင်တဲ့ ဆာဟာရ ဆက်စပ် နိုင်ငံအဖြစ် ကြေညာနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဆောင်းပါး

လုံခြုံရေးအခြေနေအရ တစ်မြို့ကနေအခြားတစ်မြို့ဆီ ပြောင်းရွှေ့ဖူးတာတော့ ရှိတယ်။ ဒါပေမဲ့ ခရီးသွားသက်သက် အနေနဲ့ ဘယ်မှ မထွက်ဖြစ်ခဲ့ဘူး။ ခုမှ မိသားစုကိစ္စနဲ့ ခရီးတစ်ခုသွားဖို့ ကြုံလာတာ။ မြို့တော်ရန်ကုန်ကနေတွက်ရင် မိုင် ၂၅၀ လောက်ဝေးတဲ့ ခရီးဆိုပါတော့။

နိုင်ငံတကာ

ဆေးသိပ္ပံ ပညာရှင် အတော်များများက WHO အနေနဲ့ တိုင်းရင်းဆေးတွေကို သုတေသနပြု လေ့လာချင်တယ်ဆိုတဲ့ စိတ်ကူးကို လက်ခံပေမယ့် အခုလို ညီလာခံမျိုး ဦးဆောင်ကျင်းပပြီး ယူဆောင်နိုင်မယ့် အကျိုးရလဒ် အပေါ်မှာတော့ အကြီးအကျယ် သံသယ မေးခွန်းထုတ်နေကြပါတယ်။

နိုင်ငံတကာ

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ...