Connect with us

Hi, what are you looking for?

News

ဒေသခံများကို ခြိမ်း​ခြောက်ပြန်လာ​သည့် အကြမ်းဖက်စစ်​ကောင်စီအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာ ရဲနှစ်​ဦး​သေ

“ပြည်သူများ လှူဒါန်းထားသော နှုတ်ခမ်းနီတောင့်များဖြင့် ဝိုင်းဝန်းဧည့်ခံကြရာ အကြမ်း ဖက်တပ်ဖွဲ့ဝင်(၂)ဦး ထိုနေရာ၌ပင် ထာဝရအိပ်စက်အနားယူသွားခဲ့ရပါသည်” ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ဆို သည်။

ဒေသခံများကို ခြိမ်းခြောက်ပြီးပြန်လာသည့် အကြမ်း ဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်ဝင်တိုက်ရာ ရဲနှစ်ဦးသေဆုံးကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က ယနေ့ (နိုဝင်ဘာ ၂၅ ရက်) ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၅ ရက် နေ့လည် ၁နာရီခန့်က စစ်ကိုင်းတိုင်းပုလဲမြို့နယ် ကန်ဒေါ့ကျေးရွာ၏ မြောက်ဘက် ကြောင်ဝင်ဒူးကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က သွား ရောက်ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်ဟု ပုလဲ PDF ကဆိုသည်။

ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စု ပြန်လာသည့် လမ်း၌ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အလစ်ငိုက်ဝင်တိုက်ရာ ရဲနှစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ပြည်သူများ လှူဒါန်းထားသော နှုတ်ခမ်းနီတောင့်များဖြင့် ဝိုင်းဝန်းဧည့်ခံကြရာ အကြမ်း ဖက်တပ်ဖွဲ့ဝင်(၂)ဦး ထိုနေရာ၌ပင် ထာဝရအိပ်စက်အနားယူသွားခဲ့ရပါသည်” ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ဆို သည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီက အင်အား ၃၀၀ခန့်ဖြင့် စစ်ကြောင်းထိုးရန် စီစဥ်နေပြီး ပုလဲပြည်သူ့ကာကွယ် ရေးတပ်နှင့် ပုလဲဒေသခံတပ်ဖွဲ့များက ခုခံစစ်အတွက် ပြင်ဆင်နေကြောင်း ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။