Connect with us

Hi, what are you looking for?

News

ဒေသခံများကို ခြိမ်း​ခြောက်ပြန်လာ​သည့် အကြမ်းဖက်စစ်​ကောင်စီအဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာ ရဲနှစ်​ဦး​သေ

“ပြည်သူများ လှူဒါန်းထားသော နှုတ်ခမ်းနီတောင့်များဖြင့် ဝိုင်းဝန်းဧည့်ခံကြရာ အကြမ်း ဖက်တပ်ဖွဲ့ဝင်(၂)ဦး ထိုနေရာ၌ပင် ထာဝရအိပ်စက်အနားယူသွားခဲ့ရပါသည်” ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ဆို သည်။

ဒေသခံများကို ခြိမ်းခြောက်ပြီးပြန်လာသည့် အကြမ်း ဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်ဝင်တိုက်ရာ ရဲနှစ်ဦးသေဆုံးကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)က ယနေ့ (နိုဝင်ဘာ ၂၅ ရက်) ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၅ ရက် နေ့လည် ၁နာရီခန့်က စစ်ကိုင်းတိုင်းပုလဲမြို့နယ် ကန်ဒေါ့ကျေးရွာ၏ မြောက်ဘက် ကြောင်ဝင်ဒူးကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီအဖွဲ့က သွား ရောက်ခြိမ်းခြောက်မှုပြုလုပ်ခဲ့သည်ဟု ပုလဲ PDF ကဆိုသည်။

ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စု ပြန်လာသည့် လမ်း၌ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အလစ်ငိုက်ဝင်တိုက်ရာ ရဲနှစ်ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ပြည်သူများ လှူဒါန်းထားသော နှုတ်ခမ်းနီတောင့်များဖြင့် ဝိုင်းဝန်းဧည့်ခံကြရာ အကြမ်း ဖက်တပ်ဖွဲ့ဝင်(၂)ဦး ထိုနေရာ၌ပင် ထာဝရအိပ်စက်အနားယူသွားခဲ့ရပါသည်” ဟု ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ဆို သည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီက အင်အား ၃၀၀ခန့်ဖြင့် စစ်ကြောင်းထိုးရန် စီစဥ်နေပြီး ပုလဲပြည်သူ့ကာကွယ် ရေးတပ်နှင့် ပုလဲဒေသခံတပ်ဖွဲ့များက ခုခံစစ်အတွက် ပြင်ဆင်နေကြောင်း ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ လမ်းခွဲနေရာများကို စစ်ကောင်စီက ယနေ့(ဧပြီ ၂၄ရက်) ညပိုင်းတွင် Y12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။

သတင်း

အပစ်ရပ်မည်ဟုကြေညာထားသည့်ကာလအတွင်း စစ်ကောင်စီက ရခိုင်ပြည်နယ်၌ စစ်ရေးတိုက်ခိုက်မှု ၄၀၉ ကြိမ်ပြုလုပ်ခဲ့၍ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်ဟု အာရက္ခတပ်တော်(AA)၏ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့အတွင်းမှာ စစ်ကောင်စီတပ်က မြို့အနောက်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖသတင်းတာဝန်ခံက ပြောပါတယ်။

သတင်း

မြစ်ကြီးနား-မိုးကောင်း-ဖားကန့်လမ်းအတိုင်း အင်အားဖြည့်နေ

Facebook