Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြောက်ခြမ်းကို စစ်ကောင်စီ ထိုးစစ်ပြင်နေဟုဆို

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်ရဲ့ မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်မှာ တွေ့ရတဲ့ တော်လှန်ရေးရဲဘော်တွေ။ ဓာတ်ပုံ – MDY PDF

အောက်တိုဘာ-၁၄၊၂၀၂၅၊ရှိန်း/People’s Spring

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်ရဲ့ မြောက်ဘက်ခြမ်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဩဂုတ်လဆန်းပိုင်းကတည်းက မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ မြို့ရဲ့ မြောက်ဘက်ခြမ်းကို ဆက်ရွေ့လာတာလို့ ဒေသခံတဦးက ပြောပါတယ်။

မတ္တရာမြို့ရဲ့အနောက်မြောက်ဘက်ကဝန်စုကျေးရွာအနီးမှာတော့ တိုက်ပွဲဖြစ်နေတာ ရက်ပေါင်းအတော်ကြာပြီလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မတ္တရာမြို့ရဲ့ မြောက်ဘက်ခြမ်းမှာ မန္တလေး PDFသိမ်းယူထားတဲ့ ရေနံ့သာတိုးဂိတ်ရှိပါတယ်။ ဒေသခံ တွေရဲ့ ပြောကြားချက်အရ မတ္တရာမြို့အတွင်းက စစ်တပ်နဲ့ အရှေ့ခြမ်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကြောင်းတွေပေါင်းပြီး မြောက်ဘက်ခြမ်းကို ထပ်မံထိုးစစ်ဆင်ဖို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“အောက်တိုဘာ၁၁ ရက်နေ့က တနေ့လုံး လက်နက်ကြီး၊လက်နက်ငယ်သံ တွေကြားနေရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် အဲဒီနေ့(အောက်တိုဘာ ၁၄ရက်)မှာ မတ္တရာမြို့နယ်အရှေ့ခြမ်းက ကျွဲတပ်ကျေးရွာနဲ့ ကျောင်းကုန်းကျေးရွာကြားက တံတားကို စစ်ကောင်စီကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ဖြတ်သန်းသွားလာနေတဲ့ ဒေသခံအမျိုးသား သုံးဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်အရှေ့ခြမ်းက ကျေးရွာတချို့ကို အထိုင်ချတပ်စွဲထားပြီး အင်အားရာနဲ့ချီပါတဲ့ စစ်ကြောင်း ၃ကြောင်းရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

PDF တပ်မှူးကြီးများ အစည်းအဝေးမှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို ဦးတည်ပြင်ဆင်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်က ဆည်တော်ကြီးဆည်မှာ စိုးရိမ်ရေမှတ်ကိုကျော်လွန်နေတာကြောင့် ရေတံခါးတွေကိုဖွင့်ချထားလိုက်ပြီဖြစ်တာ​ကြောင့်အနီးအနားကကျေးရွာတွေကို အရေးပေါ်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီးကော်မတီက အသိ​ပေးထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။