Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့နယ်၊ဇရပ်ကုန်းရွာကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၃ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

​မြောင်မြို့နယ် ၊ဇရပ်ကုန်းရွာကိုစစ်တပ်က၂၀၂၂ ခုနှစ်​ ၊မေလ ၂၉ ရက်မှာ မီးရှို့လို့အပျက်အစီး​တွေ​တွေ့ရစဥ်။ဓါတ်ပုံ-ကိုနွေဦး- မြောင်

အောက်တိုဘာ-၁၅၊၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းရွာကို စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်၊မနက် ၇ နာရီ ၅၅ မိနစ်ခန့်က ချောင်းဦးမြို့နယ်နဲ့ မြောင်နယ်အစပ်က မြောင်နယ်ထဲပါတဲ့ဇရပ်ကုန်းရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်

ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာတစီးနဲ့ လာရောက်လေကြောင်းတိုက်ခိုက်ခဲ့လို့ ကျား ၁ ဦး၊ မ ၂ ဦးထက်မနည်း ထိခိုက်ခဲ့ကြောင်း ​ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“၅ လုံးလောက်ချသွားတာ။တရွာလုံးဟိုနေရာချဒီနေရာချ ချသွားတာ။ လူနေအိမ်တွေပေါ်ကျတာ။ လက်ရှိတော့ ၃ ယောက်ထိထားတယ်။”လို့ ချောင်းဦးဒေသခံတဦးက ပြောပါတယ်။

ဗုံးကွဲအား ပြင်းထန်တာကြောင့်နေအိမ်တချိုလည်းပျက်စီးပြီး တမာပင်တွေပါ ကျွတ်ထွက်ကုန်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဇရပ်ကုန်းရွာကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊အောက်တိုဘာ၂၄ ရက်တုန်းကလည်းစစ်တပ်ကလေကြောင်းတိုက်ခိုက်ဖူးပြီး ပြည်သူ ၆ ဦး သေဆုံးခဲ့ဖူးပါတယ်။

ဇရပ်ကုန်းကျေးရွာဟာ မြောင်မြို့ အနောက်ဘက် ၈ မိုင်ခန့်အကွာမှာတည်ရှိပြီး အိမ်ခြေတထောင်ခန့်ရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook